Kim 6.

982 138 32
                                    

ညနှောင်းပိုင်း လရောင်ခပ်စောင်းစောင်းခြယ်သည်က
ကင်မ်အတွက်အလုပ်ပိုစေသည်
ခြေသံဖျော့နင်းသည်က သဲရှပ်သံပင်မကြားရသည်အထိ။
အခစားဝင်ထိုင်ချရသည်ကကျုံ့ကျုံ့လေး ။
အိပ်မောကျနေသောအကြင်သူဟာ
အိမ်မက်ဆိုးထဲတွင်ပြေးလွှားပင်ပန်းနေမည်ကိုစိုးသောကြောင့် ။

လက်ဖျားအေးတို့ကို စုပ်ကိုင်ကာနွေးစေရဦးမည်
မိုးသည်းအိမ်မက်များဟာမာယာများသည်လား
ညတိုင်းမက်သည်လည်းမဟုတ်နေပြန်တော့
စိတ်သက်သာရတဝက် စိုးရိမ်မှုတဖုံ ။

နေရောင်နွေးမျှင်လေးကပြတင်းမှကျူးကျော်တာနဲ့
အခန်းသို့ပြန်ပြေးရသည်ကဝေလီဝေလင်းတိုင်းလိုလို။
တင်းတင်းစုပ်ကိုင်ထားသောလက်တို့ကိုဖြုတ်ရတိုင်း
ဝန်လေးသည်ကရံဖန်ရံခါ ။

>>>>

ရိုက်ခွဲသံတခု ။
စာကြည့်ခန်းထဲမှ ဖြစ်သည်

"ဂျောင် ဂျောင်ကု"

ဆော့ဂျင်အော်ဟစ်ရင်း တဆုံးပြေးသည်
စာကြည့်ခန်းတံခါးဟာ ဟလျက်သားလေးမို့
အားထည့်တွန်းဖွင့်သည်က စီရီသောသင်ရိုးစာအုပ်ထူများမှ ဖုန်စတို့ပင်လေထဲဝေ့လည်သည်

"ဘာ ဘာဖြစ်တာလဲ"

မျက်ဝန်းဝိုင်းတို့ဟာ ပြူးကျယ်လျက်ပြန်ကြည့်သည်

ထိုင်လျက်သားလေးတွေ့ရသည်က
ကြမ်းပြင်ပေါ်မှ ဂျောင်ကုကို ။
ပိုက်ဆံအလိပ်တို့ကိုနှိုက်ထုတ်ကာ
ဖြည်ရင်းရေတွက်သည်က
ကွဲနေချေပြီဖြစ်သောအရုပ်သဏ္ဍာန်လိုလိုလေးထဲမှပင်
ဘေးကပ်ရပ်ရှိသံတူအငယ်စားလေးကားတရားခံ။

"ဂျောင်ကု ဂျောင်ကု မင်းဘာဖြစ်တာလဲ"

"ငါကဘာဖြစ်ရမှာလဲ
စုဘူးဖောက်နေတာလေကွ"

ကင်မ်ဟာတံခါးဝတွင်သာ
ရပ်နေသည်ကမလှုပ်မလျက်လေး ။

"ဝယ်စရာတွေရှိတယ်လေ ကင်မ်"

"အော် ပိုက်ဆံစုထားတာထုတ်သုံးတော့မှာပေါ့လေ"

"အင်း ဟုတ်တယ်
မင်းနဲ့ အရေးကြီးလုပ်စရာလည်းရှိသေးတယ်
အဲ့စားပွဲပေါ်က ကတ်ကြေးတွေ့လား "

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now