[0.2]

2.3K 99 2
                                    

Unicode 🌴

ကိုယ်တိုင်လည်း ကောင်းပြည့်စုံရဲ့ ကမ်းလှမ်းမှုကို
လက်ခံဖြစ်မယ်လို့ မထင်ထားခဲ့ပါ..။ ဒါပေမယ့်
အရေးပေါ် ငွေကလိုအပ်လာပြီဆိုတော့လည်း လက်ခံဖို့
ဖြစ်လာသည်ပင်။

လက်ခံတယ်ဆိုတဲ့အကြောင်းကိုပြောတုန်းက ပြည့်စုံ
ဘက်ကလည်းအတော်လေး အံ့သြသွားပုံရသည်။
နောက်တော့ သူ့ကိုအကျိုးသင့်ပြောပြခဲ့ပြီး
နောက်နှစ်ရက်နေတော့ ကောင်းပြည့်စုံဘက်က သူ့ကို
ပြန်ပြီးဆက်သွယ်လာကာ သူကိုင်တိုင်လာရမည့်
နေရာအတိအကျကို ပြောပြလာသည်မို့ ဝဏလည်း
လက်ခံလိုက်ပြီး သွားကာကြိုပြီးစောင့်နှင့်လိုက်သည်။

ဘယ်လိုလူကသူ့ကိုတွေ့ချင်ပြီး ပိုက်ဆံပေးချင်လည်းဆိုတာ
ကြည့်ရမည်..။ ပြီးရင်တော့ ထိုလူ့မျက်နှာကိုကြည့်ပြီး
စောက်ရူးလို့ သုံးကြိမ်ခေါ်ရမည်။

ဝဏက ကောင်မလေးတွေကြားမှာမပြောနဲ့ ကောင်လေးတွေ
ပါးစပ်ဖျားမှာပါ ရေပန်းစားသူပီပီ တစ်ချက်လောက်
ခေါင်းညိတ်ပြတာနဲ့ ကုတင်ပေါ်တက်ချင်သူတွေက
မနည်းမနောပင်။

အခု တွေ့မည့်တစ်ယောက်ကလည်း ထိုအစားထဲကပဲလား
ဆိုတာ သိချင်စိတ်ကြောင့် ဝဏ ဖင်တကြွကြွဖြစ်လို့နေကာ
အပေါက်ဝကို ငေးမျှော်ကြည့်နေသည်က ခဏခဏ။

မိနစ်အနည်းငယ်လောက်ကြာတော့ သူရှိရာကို
တစ်လှမ်းချင်းလျှောက်လာသည့် သူကိုတွေ့လိုက်ရပြီး
ကြက်သေ၊ သေသွားရသည်။

ကိုယ့်ကိုပိုက်ဆံပေးပြီး တွေ့တယ်ဆိုတော့ ဝဏက
ဒီဘဲကိုရုပ်ဆိုးတယ်လို့ထင်လိုက်တာ။ အခုမြင်လိုက်ရတော့လည်း ပါးစပ်ပြန်စိဖို့တင်
သတိမရတော့ပါ။

ဝေးဝေးကနေ ခပ်တည်တည်နဲ့လျှောက်လာသည့်သူက
အနားကိုရောက်တာနဲ့ ခပ်ဖွဖွလေးပြုံးပြတာကြောင့်
ရှေ့က ရေကိုတစ်ကျိုက်တည်းမော့သောက်ပစ်သည်။
ပြီးနောက် အခြေနေတို့က တစ်ဖန်ပြန်တိတ်လို့သွား၏။

"ရောက်နေတာ ကြာပြီလား!!!

"မကြာသေးပါဘူး ၁၅မိနစ်လောက်ရှိပါသေးတယ်"

ခဏကြာတော့ ရှေ့ကို လာချပေးသည့် အသီးအနှံတွေကြောင့် ဝဏမှာလည်ဂုတ်သားတွေအား
ရှက်အမ်းအမ်းပွတ်လျက်...။

မောင့်သဘော[Completed]Where stories live. Discover now