[13]

1.4K 66 5
                                    

Unicode 🌴

တံခါးဖွင့် ဖွင့်ချင်း မြင်လိုက်ရတဲ့ မျက်နှာကြောင့်
မျက်မှောင်ကြုတ်လို့သွားကာ တံခါးပြန်ပိိတ်ဖို့ပြင်တယ်။
သို့ပေမယ့် ထိုလူက ပါးနပ်စွာ တိုက်ခန်းထဲကိုမရမက
ဝင်လာသည်။

ဝဏသိပ္ပံ ဒီလူ့ကိုပိတ်ဟောက်ချင်သော်လည်း ဖေဖေက
ဧည့်ခန်းမှာ ထိုင်နေ၍ပြန်ငြိမ်လိုက်ရသည်။ စေနိုင်းကတော့
ပါးနပ်စွာ ဦးမင်းမြတ်ကိုတွေ့တာနဲ့ အပြုံးချိုချိုဖြင့်
ရိုရိုသေသေ နှုတ်ဆက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် ဦးလေး ကျွန်တော်ကို
မှတ်မိလား"

"မင်းက မောင်စေနိုင်းနိဗ္ဗာန်မဟုတ်လား မှတ်မိတာပေါ့
မောင်ရင်ကို မေ့စရာလား"

ဦးမင်းမြတ်ကလည်း အပြုံးတစ်ခုနဲ့ပြန်တုံ့ပြန်ရင်း
ဝဏသိပ္ပံ ဘက်ကိုလှည့်ကာ

"သား.. ဘာလုပ်နေတာလဲ မောင်စေနိုင်းက သားရဲ့
အလုပ်ရှင်မဟုတ်ဘူးလား လာလေ သေသေချာချာ
ဧည့်ခံလိုက်"

"အခု မလိုတော့ဘူး အဖေ"

"ဟမ်.. ဘာဖြစ်လို့လဲ"

"ဘာလို့လည်းဆိုတော့ အဲ့လူက အခုကျုပ်အလုပ်ရှင်မှ
မဟုတ်တော့တာ ဧည့်ခံဖို့မပြောနဲ့ အိမ်ထဲတောင်
ဝင်ခွင့်မပြုနိုင်ဘူး"

ဦးမင်းမြတ်ကတော့ သားဖြစ်သူစကားကြောင့် စေနိုင်း
မျက်နှာကိုအားနာသလိုကြည့်သည်။ တော်သေးတာက
စေနိုင်းမျက်နှာတစ်ချက်ပျက်မသွားတာကြောင့်
သက်ပျင်းချနိုင်သွား၏။

ထိုစဥ် အနားကိုဒေါ်သင်းမြတ်သူဇာတို့ပါရောက်လာကြသည်မို့
စေနိုင်းလည်းအလျင်အမြန် ဦးမင်းမြတ်ကိုပါလာတဲ့
မုန့်တွေ လှမ်းပေးသည်။

"ဒါက ဦးလေးတို့အတွက် ကျွန်တော်ဝယ်လာခဲ့တာ"

"မဟုတ်တာ သားရာအိမ်ကိုလာရင်လည်း လူချည်းပဲ
သက်သက်လာခဲ့ပါ ဦးလေးတို့က လက်ဆောင်တွေ
ဘာတွေမလိုပါဘူး"

"အစ်ကိုစေ အဲ့ဒါညီမတို့အတွက် မဟုတ်လား
ပေး ၊ ညီမကို"

ဆိုပြီးလက်ထဲက မုန့်တွေကိုလှမ်းယူလိုက်သည်မို့
စေနိုင်းကခေါင်းညိတ်ပြီးပြုံးပေမယ့် ဝဏသိပ္ပံ ကတော့
ထိုသို့မဟုတ်ပဲ မျက်မှောင်ကြုတ်ကာ အနားကိုသာ
ကပ်လာရင်း

မောင့်သဘော[Completed]Tahanan ng mga kuwento. Tumuklas ngayon