[24]

1.3K 53 1
                                    

Unicode 🌴

Unicode 🌴

ဦးနေမြင့်ပိုင်စေ အတော်ကြာသည်အထိ ဟိုသွားသည်သွားနဲ့
ဂနာမငြိမ်ပုံဖြစ်နေသည်က မျက်စိနောက်ချင်စရာအတိ...
သို့သော်ငြား မျက်နှာပေါ်မှာအထင်းသားပေါ်နေတဲ့
ခက်ထန်မှုတို့ကြောင့် မျက်စိနောက်စရာကောင်းသော်လည်း
ဘယ်သူမှဘာစကားမှ မပြောရဲကြပေ။

ထို့နောက် လေပူတစ်ချက်ကိုမှုတ်ထုတ်ပြီး ဆိုဖာပေါ်
ဆောင့်ထိုင်ချပစ်သည်။ ခဏကြာတော့ သူရှိရာကို
ခပ်သွက်သွက်လေး လျှောက်လာတဲ့ စစ်နိုင်ကိုမြင်
ရ၍ထိုင်ရာကနေ ထရပ်လိုက်သည်။

"ဘော့စ်!!!

"လိုရင်းကိုပြော!!!

"ကျ.. ကျွန်တော်သူ့ကို နေရာတိုင်းမှာ လိုက်ရှာပေမယ့်
မတွေ့ခဲ့ပါဘူး"

"ဒါဆို ဟိုကောင့်ကိုရော တွေ့ခဲ့လား"

"သူ့အိမ်ကိုကျွန်တော်ရောက်ခဲ့ပြီးပြီ သူအိမ်ကိုပြန်မလာတာ
ရက်အနည်းငယ်လောက်ရှိနေပြီတဲ့ ဒါပေမယ့် သူ့သူငယ်ချင်း
ပိုင်တဲ့ Night Clubမှာတော့ မကြာခဏရှိနေတတ်တယ်
ပြောပါတယ်"

"ဒါဆိုလည်း အခုသွားကြတာပေါ့!!

"ဘော့စ်ဗျ စိတ်အေးအေးထားပါ မလောပါနဲ့"

"သားစေပျောက်သွားတာ ၃ရက်ရှိနေပြီ ဘယ်လိုလုပ်ငါက
စိတ်အေးအေးထားနိုင်မှာလဲ ပုံမှန်ဆို သားစေက
ငါ့ကို ပြောပြီးမှ သွားတတ်တဲ့ကလေးပါ"

"သူတို့ချင်းအပေးယူမျှပြီး ခိုးပြေးတာရောမဖြစ်နိုင်ဘူးလား
ဟို.. ကျွန်တော်က ဖြစ်နိုင်ခြေ ရှိတာကိုပြောတာပါ"

"လုံးဝမဖြစ်နိုင်ဘူး သားစေ စိတ်ကိုငါသိတယ် မင်းပြောသလို ခိုးပြေးတယ်ထားတော့ သားစေက
ငါ့ကိုတစ်နည်းမဟုတ်တစ်နည်းနဲ့ ဆက်သွယ်ပြီး
အကြောင်းကြားမှာပဲ"

ဦးနေမြင့်ပိုင်စေလည်း စိတ်မကောင်းစွာသက်ပျင်းချရုံက
လွဲလို့တတ်နိုင်တာဘာမှရှိမနေ။

သားစေယောက်ျားယူလို့ အရှက်ကွဲမှာက အရေးကြီးတယ်
ထင်နေတာ အဲ့ဒါထက် သားစေဘာမှမထိမခိုက်ပဲ
အိမ်ပြန်လာဖို့က ပိုပြီးအရေးကြီးတယ်။

မောင့်သဘော[Completed]Où les histoires vivent. Découvrez maintenant