[27]

1.4K 55 1
                                    

Unicode 🌴

မျက်နှာကျက် ဖြူဖြူအား ငေးကြည့်ရင်း ကိုယ်ကို
လှုပ်လိုက်တော့ ဒဏ်ရာပေါ်ဆားဖြူးလိုက်သလိုပင်။
မျက်နှာကြီးမဲ့ရှုံ့ကာ ဘေးဘီကိုဝေ့ဝဲကြည့်လိုက်တော့မှ
ဆေးရုံရောက်နေပြီဆိုတာ သိလိုက်သည်။

ဒါဆို အဲ့ဒီလူရော...။

မျက်လုံးတွေဖွင့်ဖွင့်ချင်း တွေ့ချင်နေသူအားမတွေ့ရ၍
မကျေနပ်မှုတို့က ၂ဆပိုသည်။ ထို့နောက် ပွင့်လာတဲ့
တံခါးချပ်နဲ့အတူ ဝင်လာကြတဲ့ သူငယ်ချင်း၂ယောက်ကြောင့်
မျက်ခုံးတွေကပင့်တက်ရပြန်၏။

"မင်းတို့!!!!

"ခွေးကောင်!!!

"မင်း ငါတို့ကိုဘာလို့ မပြောပြတာလဲဟမ်"

အစီစီဆူနေသော စကားသံတို့ကြောင့် အားနာဟန်နဲ့
လည်ပင်းသားတွေကို ပွတ်ကာအင်တင်တင်ပြုံးပြလိုက်၏။
သူငယ်ချင်းတွေကို အမှုထဲ ပါမ၏စိုးတာက ဝဏသိပ္ပံ ရဲ့
စိတ်ရင်းအမှန်။

"ဆောရီး!! မင်းတို့ကို ငါအမှုမပတ်စေချင်လို့"

"ငါတို့က မင်းသူငယ်ချင်းတွေပါ မှားမှားမှန်မှန်
မင်းဘက်ကရပ်တည်ရမှာက ငါတို့ကိစ္စပဲလေ "

"ကိုစေကို မင်းပြန်ပေးဆွဲတဲ့ ကိစ္စကို သူတို့ဘက်က
ကျေအေးပေးလို့တော်သေးတာပေါ့ မင်းအဖေဆို
အဲ့အကြောင်းတွေကြားကြားချင်း စိတ်ထိခိုက်လို့ဘာမှတောင်
မစားဘူး"

"ဘာ!! အဖေသိသွားတယ် ဟုတ်လား"

"ဟေ့ကောင် ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ မင်းအဖေ
မသိပဲနေမလား ဦးလေးကတော့ မင်းအတွက် အရမ်း
စိတ်ထိခိုက်ပြီး စိတ်မကောင်းဖြစ်နေရှာတာလေ"

ချစ်ရသူနဲ့ပတ်သတ်ပြီး လုပ်ခဲ့တဲ့အပြုမူတို့ကို
နောင်တမရပေမယ့် အဖေစိတ်ထိခိုက်တယ်ကြားရတော့
သိပ်တော့ စိတ်မကောင်းလှပါ။ ကိုယ်တိုင်ကလည်း အချစ်မှာ
ကျရှူံးခဲ့သူပီပီ လုပ်မိလုပ်ရာလုပ်ခဲ့မိခြင်း။

"ဒါဆို သူရော??? သူ ငါ့ကို မုန်းနေလား"

"ကိုစေလား"

"အင်း "

"မုန်းတာတော့ မမုန်းလောက်ဘူး မင်းသတိမေ့နေတဲ့
၃ရက်အတွင်းမှာ မင်းလွတ်သွားတဲ့ ကိစ္စကြီးတွေ
အများကြီးရှိတယ်"

မောင့်သဘော[Completed]Where stories live. Discover now