[11]

1.4K 63 5
                                    

Unicode 🌴

ဟိုတစ်နေ့ကတည်းက မဆုံဖြစ်တော့တာကြောင့် ဒီနေ့
မိုးသောက်နဲ့ ဥာဏ်ခတို့လည်း အတူတူ ညှိကာဝဏတို့
အိမ်ကိုထွက်လာကြသည်..။

ခြံရှေ့ကိုရောက်တော့ မိုးသောက်က ၊ ကားဟွမ်းကို
ကျယ်ကျယ်လောင်လောင် တီးလိုက်၍ ခဏအကြာ
အိမ်ထဲကနေ သင်းမြတ်စန္ဒာ ပြေးထွက်လာသည်ကို
တွေ့လိုက်ရတော့သည်။

ခြံတံခါးပွင့်သွားတာနဲ့ မိုးသောက်လည်း ခြံထဲကို
ကားလေးလှိမ့်ရင်း ဝင်လာလိုက်တော့၏..။ ဟိုနေ့က
သေချာမကြည့်မိ၍လားမသိ အခုကြည့်ရတော့လည်း
ခြံကအတော်လေးတော့ကျယ်ပါသည်..။

အိမ်ကလည်းပိန်းဥရောင်ဆေးသုတ်ထားကာနှစ်ထပ်မို့
ဘယ်နေရာပဲကြည့်ကြည့် အရင်နေရာထက်တော့သာပါသည်။
ကိုယ်တိုင်မကူညီနိုင်တော့ ဝဏသိပ္ပံအခုလိုကောင်းစားနေတာ
မြင်ရ ၊ တွေ့ရတော့လည်း မိုးသောက်တို့ ပျော်လို့မဆုံးပါ..။

အရင် ဝဏတို့ပိုက်ဆံရှိခဲ့စဥ်က ဝဏမှာသူငယ်ချင်းက
မိုးသောက်နဲ့ ဥာဏ်ခတင်မဟုတ် တစ်ခြားသူတွေလည်း
ရှိပါသေးသည်။ နောက်တော့ ဝဏသိပ္ပံတို့ စီးပွားရေး
ကျသွားပြီးနောက် အားလုံးကဖယ်ခွာကုန်ကာ ဝဏမှာ
သူတို့နှစ်ယောက်သာကျန်ခဲ့သည်။

ဒီလိုဆိုတော့ ဝဏသိပ္ပံ က မျက်ရည်ခြူရင်း ငိုနေမယ့်
ကောင်မျိုးမဟုတ်..။ ဘယ်လိုအခြေနေပဲ ဖြစ်ဖြစ်
ကိုယ့်လမ်းကိုဆက်လျှောက်တာကိုက မိုးသောက်တို့
အကြိုက်ဆုံးဝဏရဲ့စိတ်ဓာတ်ဖြစ်သည်။

"နေဦး!! နင်တို့ ဘယ်ကိုလာတာလဲ ဝဏဆီလား"

လူကိုအကောင်လိုက်ကြီး မြင်တာတောင် ဝဏဆီလား
ဆိုတဲ့ သင်းမြတ်စန္ဒာ စကားကြောင့် မိုးသောက်တို့
မျက်မှောင်ကြုတ်သွားရသည်..။

သင်းမြတ်စန္ဒာ က ဝဏသိပ္ပံနဲ့တင်မဟုတ်။ မိုးသောက်တို့
ဥာဏ်ခတို့နဲ့လည်း တည့်သူမဟုတ်ပါ..။ သို့ပေမယ့်
ဝဏအဖေရဲ့ မျက်နှာကြောင့် မေးထူးခေါ်ပြောတော့
ရှိပါသေးသည်..။

"ငါတို့ကဝဏသူငယ်ချင်းတွေပဲလေ သူ့ဆီလာတာ
ထူးဆန်းလို့လား"

ဘေးမှာရှိတဲ့ ဥာဏ်ခက မခို့တရို့လေး ပြုံးကာ
ထောက်ခံလာသည်

မောင့်သဘော[Completed]Où les histoires vivent. Découvrez maintenant