[17]

1.4K 61 0
                                    

Unicode 🌴

" ကိုယ့်မွေးနေ့က သိပ်မလိုတော့ဘူး မောင် "

လက်လေးကို ဆုပ်ကိုင်ပြီးပြောတော့ ဝဏသိပ္ပံ က
မျက်မှောင်ကြုတ်ကြည့်လာသည်။ သူပဲ သရက်သီးသုပ်
စားချင်တယ်ဆိုလို့ ကိုယ့်မှာမီးဖိုချောင်ထဲဝင်ပြီး
သူ့အတွက်လုပ်ပေးနေတာလေ ဒါကို ထိုအချိန်မစီးသည့်
လူက အနောက်ကနေ လိုက်နှောက်ယှက်သည်။

"အဲ့ဒါ ကျုပ်နဲ့ဘာဆိုင်လဲ"

ဆုပ်ကိုင်ထားသည့်လက်လေးကို ပြန်ရုန်းဖယ်ရင်း
လုပ်လက်စကိုဆက်ပြီးလုပ်တော့ စေနိုင်းထံကရယ်သံ
တစ်ချို့ထွက်ကျလာ၏။

"အစကတော့လေ ကုမ္ပဏီက လူတွေကို အပြင်မှာတစ်ခုခု
ကျွေးဖို့ စီစဥ်လိုက်ပေမယ့် အခု စိတ်ကူးပြောင်းသွားပြီ"

"အင်း "

"မနက်ခင်းပိုင်းမှာ မောင်နဲ့ဘုရားအတူတူသွားမယ်
ညပိုင်းလောက်မှာ ဝန်ထမ်းတွေရယ် မိတ်ဆွေတစ်ချို့ရယ်ကို
ဖိတ်ပြီးမွေးနေ့ပါတီလေးတစ်ခု လုပ်ပေးလိုက်မယ်
အဲ့နေ့ကျ ကိုယ့်ဦးလေးလည်း ဘန်ကောက်ကနေ ကိုယ့်ဆီ
ပြန်လာလိမ့်မယ် မောင်နဲ့လည်း မိတ်ဆက်ပေးမယ်နော်"

"မိတ်ဆက်ပေးတာ ၊ မပေးတာက ခင်ဗျားကိစ္စ
ဒီမှာသုပ်ပြီးပြီ စားကြည့်"

"စားလို့ကောင်းမယ့်ပုံလေးပါ မောင်ရဲ့ ခွံ့ကျွေးလေ!!!

ပါးစပ်ကပါအသင့်ဟထား၍ ဝဏသိပ္ပံ ခေါင်းခါပြီး
သရက်သီးဖက်လေးကို ပါးစပ်ထဲထည့်ပေးလိုက်တယ်။
သို့ပေမယ့် ထိုလူက သူ့လက်ကိုပါလျှာနဲ့ထိထိမိမိ
လျက်စုပ်နေ၍ မျက်လုံးပြူးသွားရသည်။

ဘာမှမပြောခင်မှာပဲ လက်ကိုပြန်ရုတ်တော့ စေနိုင်းက
ခပ်တိုးတိုးရယ်ပစ်၏။

"စားလို့ကောင်းတယ် မောင် ဧည့်ခန်းကိုသွားရအောင်"

"အင်း!!

ထို့နောက် သရက်သီးပန်းကန်ကိုပါ ယူခဲ့ပြီးစေနိုင်း
အနောက်ကနေ လိုက်လာရသည်။

ဧည့်ခန်းကိုရောက်တော့ ပန်းကန်ကိုစားပွဲပေါ်တင်တင်ပြီးချင်း
စေနိုင်းက သူ့လက်တွေကိုဆုပ်ကိုင်လာကာ မျက်လုံးချင်း
ဆုံအောင်ကြည့်ပစ်သည်။

မောင့်သဘော[Completed]Where stories live. Discover now