[26]

1.3K 56 2
                                    

Unicode 🌴

တဖျတ်ဖျတ်လက်နေသော မီးရောင်အောက်မှာ
ဝဏသိပ္ပံ တို့သူငယ်ချင်း၃ယောက်နဲ့အပြိုင် လူတစ်စု
ရပ်နေကြသည်။

အကြည့်ချင်း စစ်ခင်းနေပုံက အခုဘဲထပြီး
သတ်တော့မလိုလို ဖြစ်နေတာမို့ အခြေနေတွေက
တင်းမာလျက် ရှိသည််။ ဇေယျာသော်ဆိုတဲ့ ကောင်က
ဇလည်းမရှိ၊ ဗလလည်းမရှိပေမယ့် အဖေဖြစ်သူကြောင့်
ရေတော့ အတော်လျှံသည်ထင်၏။

ငှားလာတဲ့ လူမိုက်တွေက အယောက်၂၀လောက်ပင်
ရှိလောက်သည်။ ဒီလောက်ကတော့ ဝဏသိပ္ပံ တို့က
သိပ်ပြီးစာဖွဲ့မနေ၊ နှုတ်ခမ်းတစ်ဖက်ကို မဲ့ချပြီး ရှေ့ကို
တစ်ရွေ့ရွေ့သွားသည်။

"ဝဏသိပ္ပံ!!

ထွက်ပေါ်လာတဲ့အသံအဆုံး ဝဏကလည်း ထူထဲသော
မျက်ခုံးတစ်ဖက်ကို ဟန်ပါပါပင့်ပြလိုက်သည်။ သဘောက
ဘာလဲဟူ၍

"ဒီမှာတွေ့လား မင်းကြောင့်ရတဲ့ ဒဏ်ရာ!!

ဝဏ အံ့သြသွား၏။ တွေ့ဖူးသမျှ ရန်သူတွေထဲမှာ
ဇေယျာသော်လို အရှက်မရှိတဲ့ ကောင်မျိုးမတွေ့ဖူး။
အခု ကိုယ့်ကြောင့်ရတဲ့ဒဏ်ရာကို လာလှန်ပြနေတာ
သူ့ပေါင်သူ လှန်ထောင်းသလို ဖြစ်မနေဘူးလား။

ဇေယျာသော် ဗိုက်သားဖြူဖြူထက်မှာ နေရာယူထားသည့်
ချုပ်ရိုးကြောင်းအရာကိုကြည့်ပြီး ဝဏသိပ္ပံ တို့က
ဟက်ဟက်ပက်ပက် အော်ရယ်တော့ ဇေယျာသော်မှာ
မျက်နှာကြီးမဲတက်လာ၏။

ဝဏသိပ္ပံကို အမှောက်သိပ်ဖို့ ငှားလာတဲ့ကောင်တွေကလည်း
ဒင်းတို့လုပ်ပုံနဲ့ ကိုယ့်ကိုအရိုသေပျက်ကုန်သည်ထင်။
မျက်မှောင်တွေစုကြုတ်ကြည့်လာကြသည်။

မတတ်သာလို့ အရှက်ပြေ ရန်ပွဲကိုစပြီး စိန်ခေါ်ခဲ့ပေမယ့်
ဒယ်ဒီကြောင့် ထောင်ထဲ ရောက်ဖူးသူက စိန်ခေါ်မှုကို
ငြင်းပယ်မည်ထင်ခဲ့သည်။ သို့ပေမယ့် အတွေးတို့က
မှားယွင်း၏။

ဘာပါဝါမှ မရှိသော်လည်း ဒီကောင့်မျက်နှာက
အမြဲတမ်း လူကိုအခုထိ ဖိန့်ဖိန့်တုန်အောင်လုပ်နိုင်နေဆဲ။

"ဘာလဲ မင်းငါတို့ကို ခေါ်လာတုန်းက ခေါ်လာပြီး
အခု ဘာဖြစ်တာလဲ ချရမှာလား ၊ မချရဘူးလား
ဟေ့ကောင် ငါတို့ကအပီပြင်သမားတွေ သူ့ကိုအမှောက်
မသိပ်ရရင် မင်းကိုစော်မှာနော်"

မောင့်သဘော[Completed]Onde histórias criam vida. Descubra agora