[29]

1.2K 52 3
                                    

Unicode 🌴

"ညီမ ၊ အနေ့ကပဲ ဆေးရုံက ပြန်လာတယ်ဆို
ဒေါက်တာက ဘာပြောလိုက်လဲ"

"ကလေးရော လူကြီးပါ ကျန်းမာတယ်တဲ့ ဒါပေမယ့်လေ
ကလေးက တစ်နေ့ တစ်နေ့ဖွံ့ဖြိုးမှုအားကောင်းနေလို့
မွေးတဲ့အခါ ဗိုက်ခွဲပြီးမွေးမှ အဆင်ပြေလိမ့်မယ်တဲ့"

ရုပ်လုံးပေါ်နေပြီဖြစ်တဲ့ ဗိုက်ကိုအပြုံးမျက်နှာနဲ့ ကိုယ့်ကို
ကြည့်ကာပြောလာသော သင်းမြတ်စန္ဒာအား ကြည့်ကာ
မိမိပါထပ်တူထပ်မျှ အပျော်တွေကူးစက်ရင်း ပြုံးမိသည်။

သူမအကြောင်းကိုတော့ ဟိုလူသည်လူပြောနဲ့ သတင်းသဲ့သဲ့
ကြားမိ၏။ လက်မထပ်ခင် ကိုယ်ဝန်ရတာကို သိပ်ပြီး
ဘဝင်မကျလှပေမယ့် ကိုယ်ဝန်ဖျက်မချပဲ လူသားဆန်တဲ့
စိတ်ကိုတော့ လေးစားသည်မှာအမှန်ပင်။

ကြည့်ရတာ မောင်ရော မောင့်အစ်မရောက
လူသားဆန်တဲ့စိတ်ဓာတ်ကို အဖေ့ဆီက အမွေရခဲ့ပုံပင်။
မောင်နဲ့ လက်ထပ်ပြီးနောက် မောင်တို့မိသားစုနေလို့ရအောင်
ဆိုပြီး လေးလေးကိုယ်တိုင် အိမ်စီစဥ်ပေးခဲ့သော်လည်း
ထိုအရာတွေက လေးလေးကြိုတင်စီရင်ထားသည့်
ထောင်ချောက်တစ်ခုဆိုတာ လေးလေးရဲ့ တူအရင်း
ခေါက်ခေါက်ဖြစ်တဲ့ ကိုယ်ကသိသည်။

လေးလေးလိုလူမျိုးက လုပ်ရပ်ကမှားနေမှန်းသိရင်တောင်
မှားရတာပဲ ခရေဇီဖြစ်တတ်သည့်လူမျိုးမို့ ဘယ်လောက်ပဲ
ပြောပါစေ နားဝင်မည်မဟုတ်ပါ။ မောင့်ကို ဒီကိစ္စပြောပြပြီး
အန္တရာယ်အကွက်တွေကို ကြိုရှောင်စေချင်သော်လည်း
မောင်ကဘာစကားမှမပြောပဲ ပြုံး၍သာနေသည်။

တကယ်ပါ ကိုယ်လည်းအဲ့ဒီနှစ်ယောက်ကြားမှာ
အခက်တွေ့ရတော့မည်။

"အစ်ကိုကရော ဘာလို့တစ်ယောက်ထဲလာတာလဲ?
ဝဏသိပ္ပံ ကရော ဘယ်ကျန်ခဲ့လဲ"

"မောင့်ကိုတော့ ဖုန်းဆက်ထားပါတယ် ခဏနေ
သူလာကြိုမှ နေ့လည်စာဖြစ်ဖြစ် သွားစားတော့မယ်လေ
မောင်က အခုတလော စက်ရုံမှာတာဝန်တွေလည်း
ခွဲယူထားတာဆိုတော့ သိပ်ပင်ပန်းနေတာလေ"

တမောင်မောင်နဲ့ ပါးစပ်မချပဲအပြုံးမပျက်ပြောနေသူကို
သူမလည်းပြုံး၍သာကြည့်ရတော့၏။ ဝဏသိပ္ပံ တင်မဟုတ်
သူလည်းပဲ ကုမ္ပဏီမှာ မရပ်မနားလုပ်နေရတာတောင်
ဝဏသိပ္ပံ အလုပ်ကပိုပင်ပန်းတယ်လို့ ထင်နေသူအား
ပြောစရာစကားပင်မရှိတော့ပါ။

မောင့်သဘော[Completed]Where stories live. Discover now