[0.4]

1.9K 87 6
                                    

Unicode 🌴

ရွှဲရွှဲစိုတဲ့ ခန္ဓာကိုယ်ကိုပြန်ငုံ့ကြည့်ပြီး ခေါင်းတခါခါနဲ့
ဝဏ အိမ်ထဲကိုတစ်လှမ်းချင်းဝင်ခဲ့လိုက်သည်။
အရိပ်အယောင်လုံးဝ မတွေ့သည်ကြောင့် ထမင်းစားခန်း
ထဲကိုလျှောက်လာလိုက်တော့ ကော်ဖီတစ်ခွက်ကိုစိမ်ပြေနပြေ
သောက်နေတဲ့ စေနိုင်းနိဗ္ဗာန် ကို သွားတွေ့သည်။

စေနိုင်းကလည်းသူ့ကိုမြင်တော့..

"ရေတွေစိုလို့ပါလား.. "

"နည်းနည်းဆော့လိုက်လို့"

"ဆော့ရအောင် ကလေးလား"

"ကလေးတွေဘဲ ဆော့လို့ရတယ်လို့ ဘယ်သူက
ပြောလို့လဲ "

စေနိုင်း သြချမိသွားသည်။ တကယ့်ကို တစ်ခွန်းမကျန်
ပြန်ပြောနေတာဘဲ..

ထို့နောက် သက်ပြင်းချရင်း

"ကဲပါ.. အရင်ဆုံး မင်းအဝတ်လဲဖို့ ငါစီစဥ်ပေးမယ်"

ဝဏ အံ့သြထိတ်လန့်စွာကြည့်နေသည်မှာ မိနစ်အနည်းငယ်
ကြာသွား၏။ ဒီလူ.. ဒီလောက်ထိ သဘောကောင်းလိမ့်မယ်
မထင်ခဲ့ရိုးအမှန်ပါ။

သို့နှင့် စေနိုင်းကသူ့အတွေးတွေကို သိနေသည့်အလား
သူ့ကိုစေ့စေ့ကြည့်လာကာ

"ငါ့ကို Breakfast လာပို့ပေးတဲ့အတွက်
ပြန်ကူညီပေးတာ"

"ရပါတယ်"

"ကျေးဇူးဘဲ Breakfast က တကယ်ကို
အရသာရှိပါတယ် မင်းရော ဘာစားပြီးပြီလဲ"

"မစားခဲ့ဘူး"

စေနိုင်းတစ်ချက်တွေသွားပြီးမှ

"အိမ်မှာဆိုရင်တော့ မင်းအတွက် ကော်ဖီနဲ့ မုန့်
စီစဥ်ပေးခိုင်းပါ့မယ် အဝတ်လဲဖို့ကိစ္စကိုတော့
ငါပြည့်စုံကို မင်းနဲ့တော်လောက်မယ့် အဝတ်စားတွေ
ယူလာခိုင်းလိုက်မယ်"

ဝဏက ခေါင်းညိတ်ပြီးဘာစကားမှမဆိုတော့ပါ။
ခဏအကြာ ကြီးကြီးကသူ့အတွက် မုန့်နဲ့ ကော်ဖီ
စီစဥ်ပေးလာတာမို့ စားရင်းသောက်ရင်း ပြည့်စုံကိုသာ
စောင့်နေလိုက်တော့သည်။

"ပြည့်စုံ ဝဏသိပ္ပံ နဲ့သင့်တော်မယ့် အဝတ်တွေ
ယူခဲ့ပေး"

ပြောပြီး တိခနဲဖုန်းချလိုက်၏။ တစ်ဖက်ကနေ ပြည့်စုံ
ကိုယ့်ကိုမေးခွန်းထုတ်ချင်နေမှန်း စေနိုင်းရိပ်မိပါသည်။
သို့သော် ဖြေပေးဖို့ရာ သိပ်တော့မအားသေး..။

မောင့်သဘော[Completed]Tahanan ng mga kuwento. Tumuklas ngayon