[0.7]

1.5K 71 2
                                    

Unicode 🌴

လေးလံနေသော မျက်ခွံတို့ကိုအားယူကာဖွင့်ကြည့်တော့
မရင်းနှီးသည့်နေရာတစ်ခု..။ စိမ်းဖန့်ဖန့် မြက်ခင်းပြင်အား
ကြည့်ကာ စေနိုင်းခေါင်းကုတ်မိသည်။

ဘေးဘီကို ဝေ့ကြည့်ပြန်တော့လည်း ဘာဆိုဘာမှ
မတွေ့ရဘဲ စိမ်းဖန့်သော မြက်ခင်းပြင်ကိုသာ
တွေ့ရပါသည်။

ရုတ်တရက် နှာခေါင်းဝကိုကလူကျီစယ်လာသည်က
ပန်းရနံ့လား ကိုယ်သင်းရနံ့လားမဝေခွဲတတ်ပါ။
သို့နှင့် သူ တစ်ခုခုကိုသတိရသွားပုံနဲ့ မျက်ဝန်းတွေက
လက်ခနဲတစ်ချက်ဖြစ်လို့သွားရသည်။

ဒီအနံ့.. ဒီအနံ့ကိုစေနိုင်းမသိဘဲ နေပါ့မလား..။
ဒါက ညီညီရဲ့ကိုယ်သင်းရနံ့မဟုတ်လား..။

ထို့နောက် ထိုင်ရာမှထရပ်ကာ ညီညီအားတွေ့လို့တွေ့ငြား
ရှာပါသော်လည်း ညီညီမပြောနဲ့ ဘယ်လိုအရိပ်ယောင်ကိုမှ
မတွေ့ရချေ။

အော်ဟစ်ခေါ်ဖို့အသံတို့က သူ့ဆီကိုတန်းမတ်စွာ
လျှောက်လာနေတဲ့ အဖြူရောင်အရိပ်ကလေးကြောင့်
ပျောက်ကွယ်သွားရသည်။

"ညီညီ!!!

ညီညီရဲ့ပုံရိပ်လွှာကိုမြင်သော်ငြား ညီညီရုပ်သွင်ကို
ရှင်းလင်းစွာမမြင်ရတဲ့အခါ စေနိုင်းစိတ်ပျက်မိသည်။
သို့ပေမယ့် ညီညီခပ်ရေးရေးပြုံးနေမှန်းတော့ စေနိုင်း
ခံစားလို့ရပါသည်။

လွန်ခဲ့သည့် ၅နှစ်လောက်က ပျောက်ဆုံးသွားပြီဖြစ်တဲ့
ပျော်ရွှင်မှုကို အခုချိန်မှာ စေနိုင်းပြန်ပြီးရရှိခဲ့သလိုပင်။
အသွင်သွင်စီးဆင်းလာသည့် မျက်ရည်တို့အားဖိသုတ်
သော်လည်း ထပ်မံကျဆင်းလာသည့်မျက်ရည်တို့ကြောင့်
စေနိုင်း ထိုမျက်ရည်တို့ကို ဥပေက္ခာပြုလိုက်တော့သည်။

ညီညီ...။

လောကမှာ စေနိုင်း အချစ်ခင်ရဆုံးကိုပြောပါဆိုလျှင်
စေနိုင်းရဲ့ဖအေတူမအေကွဲ ညီညီကိုသာ လက်ညိုး
ထိုးပြရမည်ပင်။

အလုပ်တွေမအားလပ်သည့် မိဘတွေကြောင့်
စေနိုင်းက ဖေဖေ့အငယ်နှောင်းကမွေးတဲ့ ကလေးကို
ပို၍ခင်တွယ်တာမိသည်ပင်။

မောင့်သဘော[Completed]Where stories live. Discover now