Unicode 🌴
သာယာလှပသော မနက်ခင်းတစ်ခုမှာ ကလေးငိုသံတို့က
ဆူညံနေသည်။ ဝဏသိပ္ပံ လွန်ခဲ့တဲ့၁၅မိနစ်ခန့်ကတည်းက
ကလေးငိုသံတွေကို ကြားရတာမို့ အပြင်သွားဖို့
အဝတ်စားလဲနေရင်းနဲ့ မျက်ခုံးကြောတွေတွန့်သည်အထိ
မျက်မှောင်ကြုတ်ပစ်လိုက်သည်။စေနဲ့ သူ့ကြားမှာ ကျန်တဲ့အချက်တွေ ညှိနှိုင်းလို့
အဆင်ပြေပေမယ့် ကလေးနဲ့ပတ်သတ်ပြီး ဘာတစ်ခုမှ
ညှိနှိုင်းလို့မရ။ သူက ၊ ကလေးမချစ်တတ် ကလေးငိုသံဆို
နှာခေါင်းရှုံ့ပြီး ဝေးဝေးရှောင်ပေမယ့် စေနိုင်းကတော့
သူနဲ့မတူပဲ ကလေးငိုသံတွေတောင် ဆည်းလည်းလေးလို
ဖြစ်နေ၍ တစ်ခါတစ်လေ စိတ်ညစ်ရ၏။သည်ကြားထဲ"ကလေးငိုသံလေးတွေနဲ့ဘယ်လောက်ထိ
သာယာသလည်း"ဆိုတာက လုပ်လိုက်သေးတယ်။
ထိုကလေး အိမ်ပေါ် ရောက်ပါပြီဆိုကလည်းက ဝဏသိပ္ပံက
ထိုကလေးကို ချီဖို့နေနေသာသာ အမြင်ကတ်လွန်းလို့
ပြုံးတောင်မပြမိ။အလကားသက်သက် သူများလူကို လုယူချင်တဲ့
ကောင်လေးကို ဂရုစိုက်ပြီး ချစ်စရာလား။ထိုကလေးပိစိကလည်း ကိုယ့်လိုမျိုး ကိုယ့်ကို
မုန်းနေပုံရ၏။ သူ့ကိုစိုက်ကြည့်တာဆို အသေငိုတာမို့
ကြာတော့ ဝဏသိပ္ပံလည်း စေ့စေ့ပင်ပြန်မကြည့်ရဲတော့။"ကြည့်!! အပြင်ထွက်ရမှာမို့ သိပ်ပျော်နေရှာတာလေ"
"သူက ဘာနားလည်လို့လဲ "
"နားလည်လို့ပဲဖြစ်မှာပေါ့ မောင်ရဲ့"
"အဲ့ဒါတွေအသာထား မောင်တို့လည်း သွားစို့လေ
အရမ်းကြီးနောက်ကျသွားရင် မကောင်းဘူး ""ဟုတ်ပြီလေ!!
ဒီနေ့က မောင့်ရဲ့ အသက်၂၅နှစ်ပြည့် မွေးနေ့လေးမို့
စေနိုင်းအပါဝင် ရှိသမျှအလုပ်တွေကို ပစ်ထားကာ
ဘုရားသွားကြမှာပဲဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်
ညဘက်ကျရင်လည်း လေးလေးဖိတ်ထားတဲ့ ပါတီကို
မောင်နဲ့အတူ သွားရမှာမို့ ဒီနေ့အတွက်ကတော့
အားလပ်တယ်ဆိုတာမရှိ။နေ့ခင်းကျတော့ ပြည့်စုံကိုယ့်အတွက်ချထားတဲ့
ဇယားတွေနဲ့ မောင်ကတော့ ပြင်ဦးလွင်က အလုပ်တွေ
မပြီးပြတ်တာမို့ သွားရမှာပင်။