[15]

1.5K 67 9
                                    

Unicode 🌴

ကြီးကျယ်ခမ်းနားသော အိမ်ကြီးရှေ့တွင် ကားတစ်စီး
ဆိုက်မြိုက်လာကာ ထိုကားပေါ်ကနေ ကောင်မလေး
တစ်ယောက် ကျော့မော့စွာ ဆင်းလာသည်။

အိမ်ကို မျက်ခုံးပင့်နှုတ်ခမ်းမဲ့ကာကြည့်ပြီးနောက်
နေကာမျက်မှန်အနက်ရောင်ကို တပ်ဆင်ကာ
ကားအနောက်ခန်းထဲမှာရှိသည့် Luggage ကို
ကိုင်ဆွဲလျက် အိမ်ထဲကိုဝင်ရောက်လာသည်။

နောက်ဆုံးတော့ သူမ အိမ်ကိုပြန်ရောက်လာလေပြီ။

မာမီကဘယ်လောက်ပဲ ထားခဲ့ပါစေ ရောက်အောင်လာမှာပဲ။

"မာမီ!!!

ခေါ်လိုက်တော့ မာမီကအလန့်တကြားပြန်ကြည့်လာသည်။
သူမ ထားခဲ့တဲ့သမီးက ဘယ်လိုဖြစ်ပြီး မြန်မာပြည်ကို
ပြန်ရောက်လာတာလဲပေါ့..။

အံ့သြစူးရှတဲ့ အကြည့်နဲ့မာမီကို သူမလည်းပဲ
နားလည်ပါသည်။

Luggage ကို အိမ်အကူတစ်ယောက်အားခေါ်ပေးလိုက်ရင်း
နေကာမျက်မှန်ကို ချွတ်ကာဘာမှမဖြစ်သလိုပုံစံနဲ့ပဲ
မာမီဘေးမှာ ခြေချိတ်လို့ထိုင်လိုက်သည်။

"အိဖြူ.. ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

ဘာမှပြန်မဖြေပဲ အိမ်အကူတစ်ယောက်လာချပေးတဲ့
လိမ္မော်ရည်လေးကိုသာ တစ်ကျိုက်တည်းမော့ကာ
သောက်ပစ်သည်..။ မာမီပုံစံကတော့ ကျိန်းသေ
ခက်ထန်လိမ့်မည်ဆိုတာ မကြည့်လည်းပဲ သူမ
မှန်းဆနိုင်သည်။

မာမီကဒီလို လုပ်ချင်ရာလုပ်ချင်လို့ပဲ သမီးဖြစ်တဲ့သူကို
အိမ်ထောင်ချပေးပြီး ပြန်လာခဲ့တာ သိသားပဲ..။

"ဖြူ.. နားပါရစေဦး မာမီ!!!

သမီးဖြစ်သူစကားကြောင့် ဒေါ်ရွက်သစ်ဝေ မျက်စိမျက်နှာ
ပျက်သွားရသည်။ အခုလည်း အကြောင်းမကြားပဲ
ပြန်ရောက်လာတာက အရာအားလုံးကိုသိသွားတဲ့အတွက်ပဲ
ဖြစ်ပါလိမ့်မည်။

"မာမီမျက်နှာက မရွှင်မပျနဲ့ ဖြူ ပြန်ရောက်လာတာကို
ဒီလောက်တောင် စိတ်ညစ်ရလား"

"တော်စမ်း အိဖြူ ဒီကို ဘာကြောင့်ရောက်လာခဲ့တာလဲ
နင့်ယောက်ျားရော!!!

မောင့်သဘော[Completed]Where stories live. Discover now