[22]

1.3K 55 1
                                    

Unicode 🌴

"သားစေ ဒီကိစ္စကို အကြောင်းပြချက် ပေးဖို့မရှိဘူးလား"

'စေနိုင်းနိဗ္ဗာန်' ဆိုတာ ငယ်ငယ်ကတည်းက မှားမှားမှန်မှန်
ဘယ်သူ့ကိုမှဂရုမစိုက်တတ်သူမို့ ဦးနေမြင့်ပိုင်စေ ဟင်းခနဲ
သက်ပြင်းရှည်ကြီးတစ်ချက် ချမိလိုက်သည်။

"လေးလေး မေးနေတယ်လေ!!

"ခုနက!!

စေနိုင်း သက်ပြင်းချပြီးစကားဆက်ရန် ပြင်လိုက်တော့
လေးလေးခင်ဗျာ မျက်နှာတစ်ပြင်လုံးမျှော်လင့်ချက်
ရောင်ခြည်တွေသမ်းသွားကာ စေနိုင်းကိုသာကြည့်လို့နေ၏။
ဒီတော့ စေနိုင်းကပဲဆက်၍

"ခုနက လေးလေး ဘာလို့ မောင့်ကိုမတူသလို
မတန်သလိုဆက်ဆံရတာလဲ လေးလေးမြင်ရဲ့လား
မောင့်မျက်နှာပေါ်က သိမ်ငယ်မှုတွေကိုလေ!!!

မေးမိတာမှားပါတယ်ဆိုတဲ့ဆိုဒ်နဲ့ လေးလေးက
ကိုယ့်နှဖူးကို ပတ်ခနဲရိုက်ချတာကို ကြည့်ပြီး စေနိုင်း
စိတ်ပျက်မိသည်။ လေးလေးက မောင်နဲ့ကိစ္စကို တားမြစ်မှာကို သိသော်ငြား တစ်ဖက်သားအပေါ်ကို
ဒီလောက်ထိ နှိမ့်ချဆက်ဆံလိမ့်မယ်လို့တော့ လုံးဝ
မထင်ခဲ့မိ။

ဒါက စေနိုင်း အရင်ကသိခဲ့ဖူးတဲ့ လေးလေးမှ
ဟုတ်ပါ့မလား။

စေနိုင်းသိတဲ့လေးလေးက ကြင်နာတယ်။ နွေးထွေးတယ်...
ကိုယ့်ထက်နိမ့်ပါးတဲ့သူတွေကို တွေ့ရင်လည်း
အပြုံးမပျက်ပဲကူညီတတ်သူပါ။ အခုလို ရေနစ်သူကို
ဝါးနဲ့ကူထိုးပေးတဲ့သူမဟုတ်..

လေးလေး ဘာကြောင့် ဒီလိုပြောင်းလဲသွားတာပါလိမ့်။

"သားစေ ပါးစပ်ကအဲ့ဒီ မောင်ဆိုတာကြီး
မပြောလို့မရဘူးလား လေးလေးစိတ်ညစ်လာပြီ"

"လေးလေးလုပ်ပုံက ဟုတ်လို့လား မောင့်ကိုမုန်းနေတဲ့
အဲ့ဒီမိန်းမနဲ့ပေါင်းပြီး လူရှေ့သူရှေ့မှာ အရှက်ခွဲခဲ့တာ
မောင်ဘယ်လောက်ထိ ရှက်သွားလိမ့်မလဲ?

"အဲ့ကောင်မှာ ရှက်စရာမျက်နှာက ရှိလို့လား
မိန်းမတွေနဲ့ ထည်လဲတွဲပြီးပတ်အိပ်နေတဲ့ကောင်လေ
အဲ့လိုကောင်ကိုမှ သားစေက.. တောက်"

မောင့်သဘော[Completed]Donde viven las historias. Descúbrelo ahora