[19]

1.4K 74 0
                                    

Unicode🌴

လူပေါင်းစုံရှိသည့် မွေးနေ့ပါတီတစ်ခု။
စေနိုင်းက ဆိုဖာပေါ်မှာထိုင်ရင်း ဦးနေမြင့်ပိုင်စေရဲ့
မျက်နှာကိုတည့်တည့်ကြည့်နေသည်။

ခြံထဲမှာလည်း ရောက်သင့်တဲ့ဧည့်သည်တွေက
ရောက်နေပြီ လေးလေးက အခုထိ ကိုယ့်ကိုကြည့်လို့
အားမရသေးဘူးထင်။

"သားစေ!!!

"ဟုတ်ကဲ့ လေးလေး"

ဦးနေမြင့်ပိုင်စေ ဆက်ပြောရမည့်စကားတွေကို ပြန်ပြီး
မြိုချပစ်လိုက်သည်။ ဒီနေ့လေးက သားစေရဲ့မွေးနေ့
ဒီနေ့မှာ သားစေကိုပျော်စေချင်တာမို့ စိတ်ညစ်စရာတွေ
နောက်မှပြောတော့မည်။

"ဘာမှမဟုတ်ဘူး လေးလေးနှစ်ရက်လောက်
စောပြီးမရောက်လို့ စိတ်ဆိုးလား "

"ဒါလေးများ လေးလေးရယ် ကျွန်တော်က
စိတ်ဆိုးစရာလား "

"စိတ်မဆိုးဘူးဆိုရင်ပဲ လေးလေးကျေနပ်ပါပြီ
မွေးနေ့မှာ ဘာလိုချင်လဲ သားစေလို ပြည့်စုံပြီးသား သူကို
ဘာလိုချင်လည်းလို့မေးတာ ရယ်စရာများကောင်းနေလား"

စေနိုင်းခပ်ယဲ့ယဲ့လေးပြုံးမိသည်။ တကယ်တော့ ကိုယ်က
ပြည့်စုံနေခြင်းတော့မဟုတ်ပါ။ မွေးနေ့မှာ ဖေဖေနဲ့မေမေကို
ရှိစေချင်သည်။ နောက်ပြီး ညီညီကိုရော...

"ကျွန်တော်အတွက်က မွေးနေ့လက်ဆောင်မလိုပါဘူး
လေးလေးလာပေးရင်ကို ရပါပြီ"

"အင်း မင်းအန်တီလေးကတော့ အလုပ်တွေမအားတာနဲ့
မလာနိုင်ဘူး "

"ရပါတယ် လေးလေးရဲ့ အခု လေးလေး
ရောက်လာနေပြီပဲ"

"ဒါဆို မွေးနေ့ရှင်လေးက ဘာလုပ်နေတာလဲ
ထလေ.. ခြံထဲဆင်းရအောင်"

"ဟုတ်ကဲ့ လေးလေး"

ထို့နောက် စေနိုင်းလည်းဦးနေမြင့်ပိုင်စေနဲ့အတူခြံထဲ
ဆင်းလာတော့ အားလုံးရဲ့စိတ်ဝင်စားမှုအလုံးစုံက
သူ့ထံတွင်သာ။

အကြည့်တွေကစားရင်း များစွာသော ဧည့်သည်တွေ
ကြားကနေ မောင့်ကိုရှာသော်လည်း အရိပ်ယောင်ပင်
မတွေ့ရပါ။

မတွေ့ချင်တဲ့သူနဲ့ကျ တွေ့ရုံတင်မဟုတ် အကြည့်ချင်းပါ
သွားစုံနေ၍ မျက်မှောင်ကြုတ်မိသည်။

မောင့်သဘော[Completed]Where stories live. Discover now