[18]

1.4K 58 3
                                    

Unicode 🌴

အရှေ့ကနေ ထွက်ခွာသွားသူနောက်ကို ဝဏအလျင်အမြန်
ပြေးလိုက်တော့ မိုးသောက်တို့နှစ်ယောက်က ပြူးကြောင်ကြောင် ကြည့်နေ၍ သူကလည်းလက်သီးသာ
ထောင်ပြခဲ့လိုက်သည်။

ဘာပဲဖြစ်ဖြစ် ကိုစေနိုင်းနိဗ္ဗာန်က ဘယ်လောက်ပဲClubထဲ
ဝင်ချင်နေပါစေ သူတို့နှစ်ယောက်အကူညီမပါပဲနဲ့တော့
လာလို့ရမှာမဟုတ်။ အခုကိစ္စကလည်း အဲ့နှစ်ကောင်စနက်
မကင်းဘူးဆိုတာ ဝဏ ကောင်းကောင်းကြီးနားလည်သည်။

"ကိုစေနိုင်းနိဗ္ဗာန် ခင်ဗျားအခုလာခဲ့!!!

လက်ကိုအကြမ်းပတမ်းဆောင့်ဆွဲတော့ ထိုလူက
ရုန်း၏။ ဝဏကလည်း ရုန်းလေ ဇွတ်အတင်းဆွဲချုပ်ထားလေ
ဆိုတော့ ကြည့်နေတဲ့ မိုးသောက်တို့ကပါ မနေနိုင်ဖြစ်ကာ
ဝင်ထိန်းရသည်။

မိုးသောက်ချစ်သူ ဝတ်ရည်ချိုကလည်း အဖြစ်ပျက်တွေကို
ပြုံးပြုံးကြီးလက်ပိုက်ပြီး ကြည့်နေ၏...။ Clubက
လူပေါင်းစုံရှိတာမို့ စေနိုင်းပုံစံနဲ့ဆို စိတ်ချရမှာမဟုတ်။
ဒါတောင် တစ်ချို့သော သူတွေကမျက်စိအရသာခံပြီး
လျှာတသပ်သပ် ကြည့်နေကြ၍ ဝဏလည်းခပ်စူးစူးသာ
ပြန်ကြည့်ပေးလိုက်သည်။

တစ်ချို့ကတော့ ဝဏရဲ့အကြည့်တွေကို ဂရုစိုက်ပုံမရ..။
သောက်ရင်းစားရင်း အစုန်ဆန်ကြည့်နေပုံကြောင့်
ဒေါသတွေငယ်ထိပ်ထိ တက်လာရချေပြီ။

"ဘာကြည့်နေတာလဲ မျက်လုံးတွေဖောက်ထုတ်ခံချင်လို့လား"

နည်းနည်းလောက်ကြိမ်းဝါးမှအကြည့်တွေလွှဲသွားတော့၏။
ဒါတောင် ကိုယ်တော်ချောက ရုန်းကန်နေဆဲပဲမို့
ခါးကျဥ်းကျဥ်းလေးကနေ လက်နှစ်ဖက်နဲ့သေချာလေး
ထိန်းကိုင်ကာ အပြင်ကသူ့ကားရှိရာကို ခေါ်လာလိုက်၏။

အဖြစ်ပျက်ကိုမြင်သွားတဲ့ ပြည့်စုံကလည်း ကားပေါ်က
ဆင်းလာပြီး အမြန်ပြေးလာသည်။

"ဘာ... ဘာဖြစ်တာလဲ "

"မမြင်ဘူးလား ခင်ဗျားသူဌေး သောင်းကျန်းလာတာ
အခု သူ့အိမ်ကိုလိုက်ပို့ပေးလိုက်ပါ ကျုပ်လည်း
အလုပ်ရှိသေးတယ်"

"သူဌေး ပြန်ရအောင်"

ဝဏသိပ္ပံ လက်ထဲက စေနိုင်းကိုဆွဲခေါ်တော့ စေနိုင်းက
ရုန်းရင်းဝဏရဲ့ အနောက်ကျောဘက်မှာ ဝင်ပုန်းကာ
ပြည့်စုံကို ရန်သူတစ်ယောက်လို ကြည့်လာတာကြောင့်
မြင်မြင်ချင်း ပြည့်စုံမှာဆွံ့အသွားရသည်။

မောင့်သဘော[Completed]Tempat cerita menjadi hidup. Temukan sekarang