Unicode 🌴
"ချူး.. နင့်လူကတကယ်လာမှာ သေရောသေချာလို့လား"
လျှာထိုးဦးထုပ်လေးကို ခပ်ငိုက်ငိုက်စောင်းကာ ဖုန်းကလိနေတဲ့ ချူးဒါလီဆိုသော ကောင်မလေးက
သူငယ်ချင်းဖြစ်သူ နီနီကိုခေါင်းညိတ်ပြသည်။ ပြီးနောက်
ဖုန်းထံကိုသာ အာရုံစူးစိုက်ပစ်လိုက်၏။ကြာတော့ နီနီစိတ်လည်းမရှည်ချင်တော့ပါ။ သူမတို့အခု
ဒီဆိုင်ကိုရောက်လာပြီး ချုးကသူ့ဘဲကြီးကို ကောင်မလေး
တစ်ယောက်နဲ့ တွဲတွေ့တယ် အမိဖမ်းရအောင်ဆိုလို့
ရှိသမျှအလုပ်တွေကို ပစ်ထားခဲ့ကာ သူ့ဘဲကိုစောင့်နေသည်မှာ ၂နာရီကျော်နေပြီဖြစ်သည်။ကာယကံရှင်ဖြစ်တဲ့ ချူးကအေးဆေးနေနိုင်ပေမယ့်
ဘေးလူဖြစ်တဲ့ နီနီကတော့ မအေးဆေးနိုင်ပါ..။မကြာမီမှာ ဆိုင်ထဲကိုခပ်လှုပ်လှုပ်လာနေတဲ့ အရိပ်လေး
နှစ်ခုကိုတွေ့ရသဖြင့် ချူးအပါဝင် နီနီပါလှုပ်လှုပ်ရှားရှား
ဖြစ်လာရသည်။"အဲ့ဒါ နင့်ဘဲမဟုတ်လား ချူး၊ ဒါနဲ့ ဘေးက
တစ်ယောက်က ဘယ်သူလဲ..?ချူးမျက်နှာက ချက်ချင်းဆိုသလို မဲမှောင်လျက်သား
ဖြစ်သွားရ၏။"ငါပြောတဲ့ ကိုကို့ရဲ့ရည်းစားအသစ်လေ သူ့နာမည်က
ကဗျာတဲ့.. "ပြောပြီး ချူးကဟွင်းခနဲနှာမှုတ်ကာ ကိုကို့အနားကို
သွားလိုက်သည်။ ကိုကိုကတော့ ချူးကိုမြင်တာနဲ့
မျက်နှာကိုကွက်ခနဲ ပျက်ထွက်သွား၏။ သို့ပေမယ့်
ချက်ချင်းပြန်ပြင်ကာ သူ့ရည်းစားအသစ်လက်ကိုတွဲပြီး
တစ်ခါမှမတွေ့ဖူးတဲ့သူတွေလိုမျိုး မျက်နှာလွှဲပစ်သည်။"ကိုကို!!!
လက်ကိုဖမ်းဆုပ်လိုက်တော့ ကိုကိုကမျက်မှောင်ကြီး
ကြုတ်လို့ပြန်ကြည့်လာပြီး ဘေးမှာရှိတဲ့ ကဗျာဆိုသော
ကောင်မလေးက တွေဝေတဲ့အကြည့်တွေသာ ပေးလာ၏။"ကို... သူက ဘယ်သူလဲ ကို့ရဲ့ညီမလေးလား"
'ကိုကို'လို့ခေါ်တာကြောင့် သူမက ချူးကို
ကိုကို့ရဲ့ညီမလေးလို့ ထင်နေပုံရသည်။ ထို့ကြောင့်
ချက်ချင်းဆိုသလို ချူးလည်းကိုကို့ရဲ့ လည်တိုင်ကို
ချိတ်တွယ်ပြီး နမ်းရန်လုပ်သည်။