Unicode 🌴
"ကျွန်တော် ကောင်းကောင်းလုပ်ခဲ့ပါတယ် သူဌေး!!
"တော်တယ် အဲ့ဒါကြောင့် မင်းကငါ့ရဲ့အားအကိုးရဆုံး
ဖြစ်နေတာ"ပြုံးလိုက်တဲ့အခါ ခွက်ဝင်သွားတဲ့ ခပ်ရေးရေးပါးချိုင့်လေးက
ထိုလူ့ရဲ့ချစ်စရာကောင်းမှုကို ပါရမီဖြည့်ပေးသည့်အလား။
လူတိုင်းသူဌေးရဲ့ အပြုံးကိုမြင်ရင် ကိုယ့်လိုပဲ တွေးမိမှာပင်။'စေနိုင်းနိဗ္ဗာန်' ဆိုတဲ့ ကောင်းပြည်ြစုံ သူဌေးက
အသက်၃၀စွန်းစွန်းရှိသေးတာ။ အနားမှာလိုချင်သူတွေမှ
ဝိုင်းနေတာပေမယ့် အခုထိ ရည်းစားလည်းမထား
ထားဖို့အချိန်လည်းပေးနိုင်ပုံမပေါ်။စေနိုင်းနိဗ္ဗာန် ထက် ၃နှစ်ငယ်တဲ့ သူတောင် မိန်းမနဲ့
သားသမီး၂ယောက်ထွန်းကားခဲ့ပြီဖြစ်သည်။
အိမ်ထောင်ပြု၊ မပြုကို မိမိကဘေးကနေ အနည်းငယ်
တီးခေါက်ကြည့်သော်ငြား ပါးနပ်လွန်းသည့် သူဌေးက
သိပုံရပြီး မဖြေချင်ပုံရကာ အမျိုးမျိုးပတ်ရှောင်ခဲ့တာ
ဖြစ်သည်။သူဌေးမှာက မိဘတွေမရှိတော့။ ဦးလေးဖြစ်သူနဲ့သာ
နေသည်ဟုသိထားသည်။ အခုလည်းတစ်ဦးတည်းသော
ဆွေမျိုးသားချင်းက ဘန်ကောက်မှာအခြေကျနေ၍
မြန်မာကိုလာချင်တဲ့အချိန်မှ လာခြင်းဖြစ်သည်။ဒါက ကိုယ်အလုပ်ရပြီးတော့ ဟိုလူပြောသည်လူပြောနဲ့
သူဌေးအကြောင်းကို အကြမ်းဖျင်းသိထသည့်
အကြောင်းရာတွေ။ကိုယ်တိုင်တော့ သူဌေးကို မမေးရဲပါ။ သူဌေးက
မျက်နှာသာချိုတာ စိတ်ကလည်းကြီးကကြီးနဲ့..."ဒါနဲ့လေ သူဌေး ခုနက ကောင်လေးကို သိလို့လား!!
"အင်း!!
ဘာမှမပြောင်းမလဲ ဖြစ်သွားသည့်စေနိုင်းရဲ့ မျက်နှာကြောင့်
ကောင်းပြည့်စုံ အရဲစွန့်ကာ ထပ်၍မေးရန်ပြင်သည်။
ဟုတ်တယ်လေ သူဌေးနားမှာ ကိုယ်ရှိနေတာ တစ်နှစ်ကျော်
ရှိနေပြီ ဘယ်သူနဲ့မှတွဲသွားတွဲလာမပြောနဲ့ ရည်းစားတောင်
မရှိတဲ့သူဌေးက နေ့ချင်းညချင်း ဂေးသွားတာတော့
မဖြစ်နိုင်ပါ။