[0.9]

1.4K 57 6
                                    

Unicode 🌴

အရင်အိမ်ထက် ခမ်းနားပြီး ခြံကလည်းအရင်ထက်
နှစ်ဆ ပိုကျယ်နေတာကြောင့် ဝဏ မမှိတ်မသုန်
စိုက်ကြည့်နေမိသည်။

ဖခင်ဖြစ်သူနဲ့ ဒေါ်သင်းမြတ်သူဇာတို့ သားအမိကတော့
အိမ်ကိုမြင်ပြီးကတည်းက ဝမ်းသာလုံးစို့ကာ တစ်အိမ်လုံး
အနှံ့လိုက်ကြည့်လို့နေသည်။

အရင်အိမ်ဟောင်းကနေ ပါလာသည့်ပစ္စည်းတွေကလည်း
မနည်းမနောမို့ စေနိုင်း လွှတ်ပေးထားသည့် အလုပ်သမား
တွေကလည်း ထိုပစ္စည်းတို့ကို ကားပေါ်မှ တက်ညီလက်ညီ
ချလို့နေကာ ဆူညံလျက်ရှိသည်။

နောက်ပြီး ဝဏတို့အခုနေတဲ့ အိမ်နဲ့စေနိုင်းနေတဲ့နေရာနဲ့ဆို
သိပ်မဝေးလှတာကြောင့် အဆင်ကပို၍ပြေ၏..။
မကြာမီမှာ ကားလေးတစ်စီးက ခြံထဲကိုထိုးဆင်းလာပြီး
ဝဏရှေ့မှာ ရပ်တန့်သွားကာထိုအထဲကနေ စေနိုင်း က
သွက်လက်စွာဆင်းလာတော့၏..။

စတိုင်ကျကျ နေကာမျက်မှန်ကိုဆွဲချွတ်ရင်း နှစ်ခြိုက်စွာ
ပြုံးပြလာ၍ဝဏအပါဝင် အလုပ်သမားတစ်ချို့ကပါ
ငေးခနဲဖြစ်ရသည်..။

သို့သော် ဝဏက သတိထားမိသွားတာကြောင့် အားလုံးကို
လေဆာအကြည့်ပစ်လွှတ်လိုက်မှ အကြည့်တွေ စေနိုင်းပေါ်မှ
ဖယ်ခွာသွားကြတော့သည်..။

"ဘယ်လိုလဲ အဆင်ပြေရဲ့လား ဒီထက်ပိုကြီးတဲ့
အိမ်ကိုလိုချင်ရင်လည်းပြောနော် "

"မဟုတ်တာ.. ဒါကို အရမ်းကြီးနေပြီ နောက်ပြီး
ဒီနေရာနဲ့ခင်ဗျားနေတဲ့နေရာက သိပ်မဝေးဘူးနော်"

"ဟုတ်တယ်လေ ဘာလဲ မင်းက ငါနဲ့နီးရတာကို
သဘောမကျလို့လား"

ဝဏသိပ္ပံ ရှက်အမ်းအမ်းသာခေါင်းခါပြလိုက်တော့သည်..။
ဘဝမှာဘယ်သောအခါမှ ရှက်တယ်ဆိုတာမျိုးမရှိပေမယ့်
သည်လူနဲ့မှ သူလည်းခဏခဏ အရှက်တရားဆိုတာတွေနဲ့ပဲ
အမြဲထိတွေ့နေရသည်..။

"ငါက မင်းအနေနဲ့ဒီနေရာကို ကျိန်းသေ သဘောကျမယ်
ထင်နေတာ"

"ကျ.. ကျွန်တော်သဘောကျပါတယ် နောက်ထပ်လည်း
ဘာမှမလုပ်ပေးပါနဲ့တော့ "

စေနိုင်း မျက်မှောင်ကြုတ်ကာဝဏကို နားမလည်သလိုမျိုး
ကြည့်လိုက်သည်..။

မောင့်သဘော[Completed]Donde viven las historias. Descúbrelo ahora