[12]

1.4K 63 0
                                    

Unicode 🌴

" ဟဲ့.. ဒါက ဘယ်လိုဖြစ်ရတာလဲ "

အခန်းထဲမှာအထုပ်ပိုးပြင်နေတဲ့ ဝဏကြောင့်
သင်းမြတ်စန္ဒာ တစ်ယောက် ပြူးတိပြူးကြောင်ကြည့်ပြီး
မေးလိုက်သည်။

ဒီတော့ ဝဏသိပ္ပံ ကလည်းမဆိုင်းမတွနဲ့..

"အဖေနဲ့နင့်အမေကိုသွားပြောလိုက် အိမ်ချက်ချင်း
ပြောင်းတော့မှာမို့ အထုပ်ပိုးတွေချက်ချင်းပြင်ပါလို့!!

သင်းမြတ်စန္ဒာ တစ်ယောက်မျက်လုံးပြူးရတော့သည်။
အခု သူမ ကြားလိုက်ရသည့်စကားကို မယုံမကြည်ဖြစ်ရင်း
ဝဏလုပ်သမျှတွေကိုသာ ကြည့်နေလိုက်သည်။

အိမ်ပြောင်းရမယ်တဲ့လား ဘုရားရေ ထပ်ပြီး
အိမ်ပြောင်းရမှာလား??

ဒီအိမ်ထက်ကောင်းတဲ့နေရာက ဘယ်မှာရှိလို့လဲ..။
အခုဆို အိမ်ငှားခတွေလည်းမပေးရတော့ပဲ သူများ
သနားလို့ထားတဲ့အိမ်မှာ အလကားလည်းနေလို့
ရနိုင်တယ်လေ..။

ဘဝတစ်လျှောက်လုံး ဝဏသိပ္ပံ ကို ဆူဆဲလာသမျှ
ဒီတစ်ခါသူ့ရုပ်ရည်လေးက ကယ်သွားသည်..။
ကျေးဇူးတင်လို့မဆုံးသေးဘူး ဒင်းကအခုအိမ်ပါပြောင်းရန်
ကြံရွယ်နေခြင်းပင်။

"ဘာကိစ္စနဲ့ အိမ်ထပ်ပြောင်းရမှာလဲ ငါတို့ ဒီအိမ်မှာ
တစ်ပတ်ကျော်ပဲ နေရသေးတာလေဟာ ဒါမှမဟုတ်
ကိုစေနိုင်းနိဗ္ဗာန်က အိမ်ပေါ်ကဆင်းခိုင်းလို့လား"

ဝဏ စေနိုင်းရဲ့နာမည်ကိုကြားတယ်ဆိုရင်ပဲ သွေးတွေ
ဆူပွက်လာကာ လက်ထဲက အဝတ်တစ်ချို့ကို
Luggage ထဲ ပစ်ထည့်လိုက်၏..။

"နင် အဲ့လူကို စကားထဲထည့်မပြောနဲ့"

"ဘာဖြစ်လို့လဲ နင်တို့စကားများထားကြလို့လား "

"တော်တော်စကားများတာပဲ ငါ့ကိုပြန်မမေးနဲ့
ငါပြောသလိုသာလုပ်"

"နင်ကလည်း အကြောင်းပြချက်တော့ ပေးမှပေါ့ဟာ
အဲ့ဒါမှနင့်လုပ်ရပ်မှန်၊ မမှန်ကိုငါတို့တွေးကြည့်လို့
ရမယ်လေ ငါက နင့်မိသားစုဝင်ပဲ မဟုတ်ဘူးလား"

ဝဏ နှုတ်ခမ်းတစ်ဖက်မဲ့သွားသည်..။ ပြီးနောက်
သင်းမြတ်စန္ဒာ ကို တစ်ချက်ကြည့်ကာ

မောင့်သဘော[Completed]Tahanan ng mga kuwento. Tumuklas ngayon