[31]

1.2K 47 2
                                    

Unicode 🌴

နောက်တစ်နေ့မနက် ၈ခွဲလောက်မှာ စေနိုင်းတို့
လေဆိပ်ကို အရောက်သွားရသည်။ လေးလေးရဲ့ဇနီး
အန်တီလေးကလည်း အချိန်တိကျမှကြိုက်သူမို့ စေနိုင်း
မခန့်လေးစား မပြုလုပ်ရဲသလို မောင့်ကိုလည်းအိမ်မှာ
ကတည်းကကြိုမှာထားခဲ့သည်။

"အန်တီလေး!!!

အရပ်က၆ပေနီးပါးရှိတာမို့ အားလုံးထဲမှာအန်တီလေးက
ထင်းနေတာဖြစ်သည်။ အနည်းငယ်ဝါကျင်နေတဲ့
ဆံပင်ကောက်တို့ကို ဖြန့်ချလို့ထားကာ နီညိုရောင်
နှုတ်ခမ်းနီကဖောင်းကြွနေသော အန်တီလေးနှုတ်ခမ်းပေါ်မှာ
နေရာယူ၏။ တန်ဖိုးအကြီးဆုံး နေကာမျက်မှန်နဲ့အတူ
အလှဆုံးဖြစ်အောင်ပြင်လာတဲ့ အန်တီလေးက
ကျွန်တော့်ညီတွေ ၊ ညီမတွေရဲ့ အမေဆိုတာ ယုံနိုင်စရာ
တစ်ကွက်မရှိ။

တဖျတ်ဖျတ်လက်နေသော ဘယက်ကအတီလေးရဲ့
လည်တိုင်ကျော့ကျော့မှာ လှပစွာနေရာယူထားသည်။
ဝါဝင်းနေသော အန်တီလေးအသာရည်က အနက်ရောင်နဲ့
ပို၍လိုက်ဖက်ပုံဖြင့်။ မြင်လိုက်ရုံနဲ့ လူချမ်းသာအသိုင်းဝိုင်းက
ဆိုတာသိသာထင်ရှားပေါ်လွင်အောင် ပြင်လာခဲ့တာမို့
မြင်ရသူတွေက နှစ်ခါပြန်ငေးရတာ စေနိုင်းနိဗ္ဗာန်ရဲ့
အန်တီလေး ဆုမွန်ထက်ဖြစ်သည်။

"အန်တီလေး ဒါက ကျွန်တော်အမျိုးသားလေ ဝဏသိပ္ပံ တဲ့"

ခေါင်းတစ်ချက်ညိတ်လို့ အန်တီလေးက အသိမှတ်တော့
ပြုရှာသည်။ ကိုယ့်မွေးနေ့နဲ့ လက်ထပ်ပွဲကိုတောင်
မလာနိုင်ခဲ့တဲ့ အန်တီလေးက လေးလေးအကြောင်းကို
ကြားတော့ ဟန်တောင်မဆောင်နိုင်စွာ ရှိသမျှအလုပ်တွေ
အားလုံးကိုပစ်ခဲ့ပြီး လိုက်လာပုံရသည်။

"အဲ့တစ်ယောက်က ငါ့လောက်လှလား သားစေ"

ဆိုတော့ စေနိုင်းမျက်လုံးပြူးသွား၏။ အန်တီလေးက
နေကာမျက်မှန်ကို ချွတ်ကာကိုယ့်ကို ကြည့်လာပြီး
ခပ်တည်တည်မေးတာမို့ ဆွံ့အသွားမိတာအမှန်ပင်။
သို့ပေမယ့် အန်တီလေးအကြည့်တွေက တစ်ချက်တစ်ချက်
စူးရှလာတာမို့ စေနိုင်းအင်တင်တင်ဖြစ်ရင်း အလျင်မြန်ပဲ
ပြန်ပြုံးပြလိုက်ရသည်။

မောင့်သဘော[Completed]Hikayelerin yaşadığı yer. Şimdi keşfedin