Unicode 🌴
ဖြူလွလွ အုတ်ဂူလေးရှေ့မှာ ခြေစုံရပ်ရင်း မျက်နှာသွင်ပြင်
ထက်မှာစိတ်မကောင်းခြင်းအငွေ့သက်တွေက တွဲခိုနေသည်။
ထို့နောက် လက်ထဲကပန်းတစ်ပွင့်ကို အုတ်ဂူပေါ်တင်လိုက်၏။"မိုးမာန် ကိုကိုလာတယ်နော် နောက်ပြီး ကိုယ့်အမျိုးသားရောပဲ သူ့ကိုတော့ မင်းမှတ်မိမယ်လို့
ထင်တယ် ဟင်း!!လူက ပြိုလဲတော့မယ့်ပုံစံအတိုင်းပဲမို့ ဘေးမှာရပ်နေတဲ့
ဝဏသိပ္ပံ ကပဲပုခုံးလေးကို ကိုင်ဆုပ်ထွေးရင်း နှစ်သိမ့်ရသည်။ လူက စိတ်ပင်ပန်းမှုဒဏ်တွေရယ်
အလုပ်လည်းပင်ပန်းနေတာမို့ သိပ်တော့အခြေနေက
မဟန်ပါ။အခုလည်း နေမကောင်းသည့်ကြားကနေ ရုတ်တရက်
ဘာစိတ်ကူးပေါက်တယ်မသိ။ သူ့ညီဆီသွားမယ်လို့
ပူဆာနေ၍ ကိုယ်ကလက်မခံပြန်တော့ သူ့ဟာသူပဲ
သွားမယ်ဆိုပြီး ဂျစ်တိုက်ခဲ့တာကြောင့် အလုပ်တွေ
ပစ်ချထားခဲ့ကာ ကိုယ်ပါလိုက်ခဲ့ရသည်။ရောက်တော့လည်း သူ့ညီအုတ်ဂူကိုကြည့်ကာ
ရင်ထဲရှိသမျှ လွှတ်ချနေသည်။ ဒီကြားထဲ လေးလေးရဲ့
ဖိအားတွေကြောင့်လည်း ဒဏ်ပိသွားတာဖြစ်လိမ့်မည်။
လေးလေးက နောက်အိမ်ထောင်ကျသွားလို့သာ ကျတာ
အခုချိန်ထိ ကိုယ်တို့ကို ခွဲချင်သည့် အငုံစိတ်ကလည်း
ရှိနေသေးပုံရ၏။ ။အရင်ကလောက်တော့ ကြားဝင်လို့မရတော့၍
အဲ့ကိစ္စတွေ အတွက်ကတော့ တွေးပူမနေပါ။
အရေးကြီးဆုံးက စေရယ်ကိုယ်ရယ် တစ်ယောက်ကို
တစ်ယောက်ချစ်နေကြဖို့ပဲ မဟုတ်ဘူးလား။"ငိုလို့ဝသွားပြီလား?
"မိုးအေးနေတာဘဲ.. မောင်ကားပေါ်က စောင့်နေပါ့လား
ညီညီနဲ့ပြောစရာအကြောင်းတွေ ရှိနေသေးလို့"သက်ပြင်းတစ်ချက်ချကာ တွေခနဲဖြစ်သွားသော်ငြား
ခေါင်းတစ်ချက်ညိတ်ပြပြီး ကားရှိရာကို လှစ်ခနဲထွက်လို့
သွားသည်။ ထို့နောက် ညီညီအုတ်ဂူရှိရာကို မျက်နှာချင်း
ဆိုင်လိုက်ပြီးမှ"ကိုကို သတိရလို့ လာတွေ့တာ နေရတာဘယ်လိုလဲ
အဆင်ပြေတယ်မဟုတ်လား ညီညီမွေးနေ့မှာ
လာတွေ့တယ်နော် နောက်ပြီ မင်းချစ်တဲ့သူကိုပါခေါ်လာတာ
မင်းကိုမျက်နှာပြောင်တိုက်ရာများကျနေမလား
ကိုကိုက တကယ်မကောင်းတဲ့လူပဲ!!