[0.6]

1.6K 73 0
                                    

Unicode 🌴

ပြည့်စုံ တစ်ယောက် မီတင်ခန်းထဲကနေ ရုံးခန်းထဲကို
ဝင်ဝင်လာချင်း လက်ထဲမှာရှိနေသည့် စေနိုင်းရဲ့ဖုန်းက
စတင်မြည်လာ၍ တစ်ချက်တုန်သွားရသည်....။

ဖုန်းကိုမချခင် Screen ပေါ်မှာ 'လေးလေး'ဟု
ပေါ်နေသည့် Contact Nameလေးကြောင့်
ဇက်ကလေးပုဝင်ကာ ချက်ချင်းဘဲဖုန်းကို၊ ကိုင်ပစ်ရင်း
နားနားကပ်လိုက်သည်။

"ဟယ်လို!!!

"သားစေလား"

"ဟမ်.. မဟုတ်ပါဘူးခင်ဗျ သူဌေးက မီတင်ခန်းထဲမှာ
ရှိပါသေးတယ် ကျွန်တော်က သူ့လက်ထောက်ပါ
သူဌေးလာရင် ဘာပြောပေးရမလဲဗျ"

တစ်ဖက်ကသက်ပြင်းချသံ သဲ့သဲ့နဲ့အတူ

"မင်းက ပြည့်စုံမဟုတ်လား"

"ဟုတ်.. ဟုတ်ပါတယ်ခင်ဗျ "

"ငါ သတင်းတွေကြားတယ် သားစေကအခုတစ်လော
ကောင်လေးတစ်ယောက်နဲ့ အချိန်ကုန်နေတာများတယ်ဆို
ဒီကိစ္စကို မင်းလည်းသိရမယ် ဟုတ်ရဲ့လား "

ပြည့်စုံ ခင်ဗျာ ကြောက်ကြောက်လန့်လန့်နဲ့ ဖုန်းနားက
ခဏခွာကာ တံတွေးမျိူချရသည်။ ကိုယ့်အဖေကလည်း
အရင်က သူဌေးရဲ့ဦးလေးဖြစ်သူ ဦးနေမြင့်စေပိုင်ရဲ့
အနားမှာအမြဲနေရသူမို့ ထိုလူကိုယ့်ကိုသိသည်မှာ
အဆန်းတော့မဟုတ်ပါ။

ဖေဖေ့ဆီကလည်း ဦးနေမြင့်ရဲ့ အကြောင်းကို
နည်းနည်းပါးပါးကြားဖူးပြီးသားပင်။

အသက်ကြီးလာတာနဲ့အမျှ တအားဇီဇာကြောင်တဲ့သူဘဲ။
ဘန်ကောက်မှာရှိနေတဲ့ သူ့မိသားစုကတော့ ထိုလူ့ကို
ဘယ်လိုသည်းညည်းခံလည်းမသိဘူးလို့ ဖေဖေက
ခဏခဏပြောတာကြားဖူးသည်။

ဒါပေမယ့် ထိုလူက မိသားစုကိုအရမ်းချစ်တတ်တဲ့
လူတစ်ယောက်လို့လည်း သိရပါသေးတယ်။ သူဌေးက
ဟိုတစ်ယောက်နဲ့ တွေ့နေတာကို ဘယ်လိုသိသွားလည်း
ဆိုတာမသိပေမယ့် အသံထဲမှာ သူဌေးကို သိပ်ပြီး
စိုးရိမ်နေတဲ့ ဟန်ပန်တွေအပြည့်နဲ့ပင်။

"ဟို... မဟုတ်ပါဘူးခင်ဗျ "

"ထားလိုက်တော့ မင်းက သားစေရဲ့ လက်ထောက်ဆိုတာ
ငါမေ့သွားတယ် မင်းထက်သားစေကို မေးတာက
ပိုပြည့်စုံပါတယ် သူလာရင် အားတဲ့အချိန် ငါ့ကို
ပြန်ဆက်သွယ်ဖို့အကြောင်း ပြောလိုက်ဦး"

မောင့်သဘော[Completed]Wo Geschichten leben. Entdecke jetzt