🔞[25]🔞

2.6K 63 1
                                    

Unicode 🌴

လစ်ဟာနေသည့် နေရာကိုလက်နဲ့ စမ်းမိတော့
အိပ်ချင်နေသည့်စိတ်တို့က ကြက်ပျောက် ငှက်ပျောက်
ဖြစ်ရသည်။ ဆတ်ခနဲထထိုင်ရင်း အခန်းထဲကိုဝေ့ကြည့်တော့
သူကလွဲလို့ဘယ်သူမှ ရှိမနေခဲ့ပါ။ သို့နှင့် တောက်တစ်ချက်
ခေါက်ပြီး အခန်းတံခါးကိုဖွင့်ကာ ချစ်ရသူအားရှာရ၏။

ကြည့်ရတာ သူပြေးတာ သိပ်မကြာသေးတဲ့ပုံနဲ့ နောက်ပြီး
ညက မှောင်ပြီး ဘာအလင်းမှမရှိတာရယ် အနီးပတ်ဝန်းကျင်
က ထိုလူရင်းနှီးသည့် ပတ်ဝန်းကျင်မဟုတ်တာရယ်က
ရှာရသိပ်လွယ်စေသည်ကြောင့်..။

"ဟင်!!!!

"ဘယ်ပြေးမလို့လဲ !!!

ညအမှောင်ကြီးထဲ ဟိုစမ်းသည်စမ်းနဲ့လမ်းရှာနေသူက
ကိုယ့်ကိုတွေ့တော့ အလွန်တမင်းလန့်သွားပုံပင်။
ထို့နောက် ဖုန်းမီးရဲ့အကူညီနဲ့ အမျိုးသားရဲ့ကြောက်လန့်
တုန်လှုပ်နေတဲ့ မျက်နှာသွင်ပြင်အားရှင်းလင်းစွာမြင်ရ
တွေ့ရ၍ ဟက်ခနဲရယ်မိပြန်၏။

လူတွေများ လုပ်တုန်းကလုပ်ပြီး အခုမှလာကြောက်နေတယ်။

"ငါ.... ငါက"

"မင်းတွေ ငါတွေလုပ်မနေနဲ့ လာခဲ့ ခင်ဗျား!!!

ဇွတ်ဆွဲပြီးခေါ်လိုက်တော့ ပေါ့ပါးသော ခန္ဓာကိုယ်လေးက
ပေါ့ပါးစွာ ပါလာ၏။ ထို့နောက် အမျိုးသားကို အိမ်ထဲ
လွယ်လွယ်ကူကူ ပြန်ခေါ်လာလိုက်နိုင်ခဲ့သည်..။
ဒီတစ်ခါတော့ သူ့အလိုကိုမလိုက်ပဲ သံကြိုးနဲ့ ပြန်ခတ်ထားလိုက်တော့၏။

ဒီတော့ မာယာများသူကြီးက ငိုမဲ့မဲ့ကြည့်လာသဖြင့်
မျက်နှာလွှဲပစ်ခဲ့ရပြန်သည်။

"အဲ့လိုသနားကောင်းအောင် ကြည့်ပြလည်း အပိုပဲ
အဲ့အကွက်တွေမသုံးနဲ့ မောင့်ရှေ့မှာ အဲ့ဒါတွေက
အသုံးမဝင်ဘူး "

"ဒါဆို ငါက ဒီတိုင်းပဲနေရမှာပေါ့!!

"အဲ့တိုင်းမနေလို့ ဘယ်လိုနေချင်တာလဲ!!

"လွှတ်ပေး!!!

"ထုံးစံမရှိဘူး!!

စေနိုင်း ပိုပြီးစူပုတ်ပြတော့ ဝဏသိပ္ပံ ကြိတ်၍သာ
ပြုံးရပြန်သည်။ ထို့နောက် ကလေးစိတ်နဲ့ လူကြီးလေးက
သူ့လက်မှာချည်ထားတဲ့ သံကြိုးတွေကို ပါးစပ်နဲ့ကိုက်ကာ
ဖြည်နေလေရဲ့..။

မောင့်သဘော[Completed]Where stories live. Discover now