Intro

578 49 0
                                    

Zawgyi


လူတွေက အချစ်ကို အဓိပ္ပာယ်အမျိုးမျိုး သတ်မှတ်ကြတယ်ဗျ
တစ်ချို့တွေက ရယူခြင်း
တစ်ချို့တွေက ပေးဆပ်ခြင်း...

ဒါပေမဲ့ ကျွန်တော့အချစ်က ရယူခြင်းလဲမဟုတ်
သလို ပေးဆပ်ခြင်းလဲ မဟုတ်ဘူးဗျ။
ကျွန်တော် သတ်မှတ်ထားတဲ့ အချစ်ရဲ့အဓိပ္ပာယ်က "စောင့်ဆိုင်းခြင်း"တဲ့။

~~~~~

မိုးသည် တစ်ဖြောက်ဖြောက်ဖြင့် လွမ်းဆွတ်ဖွယ် ရွာသွန်းနေ၏။"&" ဟူသည့် coffee ဆိုင်အတွင်းမှ လူတစ်ယောက်သည် မှန်တံခါးမှတစ်ဆင့်ထိုမိုးရေ များကို ကြည့်နေလေသညျ။
ထိုသူ၏ မျက်လုံးများက တစ်ယာက်ယောက်ကို လွမ်းဆွတ်နေပုံရ၏။
စားပွဲပေါ်မှ Digital နာရီလေးသည်12:01AM
ဟုပြနေ၏။
ထိုစားပွဲပေါ်တွင် ဖယောင်းတိုင်မီး မမှုတ်ရသေးသည့် ချောကလက်ကိတ်တစ်လုံးလဲရှိနေသည်။
ထိုလူက စားပွဲပေါ်တင်ထားတဲ့ မာကာကို
ကောက်ယူလိုက်ကာ  ပြက္ခဒိန် ရှေ့ ထရပ်လိုက်သည်။ပြီးနောက် September 28ဆိုသည့်နေရာကိုမာကာဖြင့် ဝိုင်းလိုက်ပြီးသည်နှင့်သူ၏ခေါင်းသည်ငိုက်စိုက်ကျသွားခဲ့သည်။

"ဒီနှစ် ငါ့မွေးနေ့မှာလဲ မင်းရောက်မလာခဲ့ပြန်ဘူး.."

ထိုလူက အက်ရှနေသော အသံဖြင့် တိုးတိုးဆို၏။
ထို့နောက် ကိုယ့်ကိုယ်ကို လေှာင်ရီပြန်သည်။
"အဟက် အေးလေ နော် မင်းက ပြန်လာမယ်လို့မှ မပြောခဲ့တာ..မင်းကငါ့ကို မုန်းသွားတာလေစောင့်နေတဲ့ ငါကဘဲ ရူးတာ..."

သူ၏လက်ထဲက မာကာသည်လည်း တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်းကို ခံနေရ၏။
ခေါင်းငုံ့ထားသည်ကြောင့် မျက်ရည်ကျနေသည်ကို မမြင်ရသော်လည်း သိမ့်သိမ့်တုန်
နေသည့် ပုခုံးများက ငိုကြွေးနေသည်ဟု
အဓိပ္ပာယ်ဆောင်သည်။

"ငါမှားခဲ့တာပါ ငါမပြောခဲ့သင့်ဘူး"

ခြောက်နှစ်... ခြောက်နှစ်တောင်... ရှိသွားပြီလေ..
သူသာမပြောခဲ့ရင်  ထွက်သွားခဲ့မှာမဟုတ်ဘူး..

ထိုလူက နံရံကို အားပျော့စွာ မှီရင်းထိုင်ချလိုက်သည်။ထို့နောက် သူ့ဘောင်းဘီအိတ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်သည်။ထိုဓာတ်ပုံထဲတွင် ၁၆နှစ်အရွယ်ကောင်လေးနှစ်ယောက်က အပူပင်ကင်းစွာ ပြုံးနေကြသည်။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now