Part 5

222 55 4
                                    

Zawgyi

"ဟာရုတို မင်းမျက်နှာက အညိုအမဲတွေက
ဘာဖြစ်တာလဲ "

"ဒီတိုင်းဘဲ "

ဂျောင်ဟွမ်ရဲ့ အမေးစကားကို ဟာရုတိုတစ်ချက်ပြုံးရင်းသာဖြေလိုက်သည်။
သေချာပေါက် အဲ့အပြုံးတွေက အသက်မပါသည့် အပြုံးတွေပင်။

"ရန်ဖြစ်တာတော့ မဟုတ်ဘူးမလား "

"အင်း "

"နှုတ်ခမ်းထောင့်က ပေါက်နေတဲ့ဟာတွေ
ဆေးလိမ်းသင့်တယ်နော် "

"ပျင်းတယ် "

ဟာရုတိုနဲ့ဂျောင်ဟွမ်ရဲ့ စကားဝိုင်းကို ပတ်ဂျောင်ဝူး ‌ခုံပေါ်မှောက်အိပ်နေရင်းနားထောင်နေမိသည်။
ဘာမှတော့ ဝင်မပြောဖြစ်။

"ရားးးပတ်ဂျောင်ဝူး အခုထိကောက်နေတုန်းလား လိုက်ချော့နေတာ တစ်ပတ်ရှိပြီ‌နော် "

ဂျောင်ဟွမ်သူပြောတဲ့စကားကို မဖက်မလုပ်တာကြောင့် ဂျောင်ဝူးရဲ့ ပုခုံးကို လက်ဖြင့်ပုကိုင်ကာ ခါရမ်းလိုက်သည်။

"မကြားချင်ယောင်ဆောင်မနေနဲ့ အိပ်‌ပျော်မနေဘူးဆိုတာသိတယ် "

"ငါအိပ်ပျော်နေတာ "

အိပ်ပျော်နေပါသည်ဆိုတဲ့ လူက ဂျောင်ဟွမ်လက်ကို ဖယ်ထုတ်ကာ စကားပြောလာတာကြောင့် ဟာရုတို ခေါင်းရမ်းရင်းတစ်ချက်ပြုံးလိုက်သည်။

"အိပ်ပျော်နေတဲ့လူက စကားပြောတယ်ပေါ့
ထားပါ ညနေကျ မင်းကို ကမ်းခြေခေါ်သွားမလို့‌နော် မသွားရတာကြာပြီမလား "

"စက်ဘီးနင်းရမှာပျင်းတယ် "

ဂျောင်ဝူး မှောက်အိပ်နေရင်းနှင့်ပင်
ဂျောင်ဟွမ်အမေးကို ပြန်ဖြေလိုက်သည်။

"ငါတင်နင်းမယ်ကွာ နော် "

"အဲ့ဆိုလဲ ပြီးရော ဟီးဟီး"

အခုမှ ခေါင်းမော့က သွားဖြီးပြလာသည့် ဂျောင်ဝူးကို ဂျောင်ဟွမ် ခပ်စပ်စပ်လေးရိုက်ပစ်လိုက်ချင်သည်။
သို့သော် စိတ်ဆိုးမည်စိုး၍ မလုပ်ရဲသောကြောင့် ပြန်သာ သွားဖြီးပြလိုက်တော့သည်။

"ဟာရုတို မင်းရော ညနေအားလား "

ဂျောင်ဟွမ်အမေးကို ဟာရုတိုခေါင်းငြိမ့်ဖြေ
လိုက်သည်။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now