Part 17

161 39 1
                                    

Unicode

ဂျောင်ဝူး သော့ခတ်ထားသည့် ခြံတစ်ခါးရှေ့တွင် စက်ဘီးကို လက်ဖြင့်ကိုင်ရင်း တွေတွေကြီးရပ်နေမိသည်။
ပုံမှန်ဆို ဟာရူတိုက သူ့ကို ခြံရှေ့မှာ စောင့်နေကျ။

သူဒီမနက်အိပ်ယာထနောက်ကျသည်ကြောင့် ဟာရူတိုက သူ့ကိုမစောင့်သွားတာများလား?
ဒါမှမဟုတ် ညက သူမေးလိုက်တာကို စိတ်ဆိုးသွားတာများလား?
ဂျောင်ဝူး ‌မျက်နှာလေးမဲ့ကျသွားခဲ့သည်။
ထို့နောက် စက်ဘီးကိုဖြေးဖြေးချင်း နင်းရင်း ကျောင်းသို့ဦးတည်ခဲ့လိုက်တော့သည်။
ညက မိုးသက်လေပြင်းကျထားပေမဲ့ မနက်ခင်းရောက်တာ့ ရာသီဥတုက သာယာသည်။
ပင်လယ်ကို ဖြတ်ပြီး တိုက်ခတ်လာသည့် လေနုအေးအေး။
တစ်လုံး လုံး ထွက်ပေါ်နေပြီဖြစ်တဲ့ နေဝန်း။
ပင်လယ်ထဲသို့ထွက်ရန် ပြင်နေကြသည့် ငါးဖမ်း
သဘော်များ။
အရာအားလုံးက ပုံမှန်ပင်။

သူ မပါသည်ကလွဲလို့...

ကျောင်းရောက်ရင် ရူတိုကို မနေ့ကပြောတာကို မေ့ပစ်ခိုင်းပြီး အရင်လို သူငယ်ချင်းအဖြစ်ဘဲ ပြန်နေတော့မည်..
ရူတိုက သူ့ကို ဒီလို ဥပေက္ခာပြုတာချည်းကို သူမခံနိုင်။
အဲ့ဒီအစား ခံစားချက်တွေကို မြိုသိပ်ပြီး ဟာရူတိုဘေးနားမှာ သူငယ်ချင်းအဖြစ်နဲ့ တစ်သက်လုံးနေတော့မည်။
ရူတိုသူ့ကို ပြန်ပြီး သဘောကျကျမကျကျ ဘာအ‌‌ရေးလဲ?
ပုံမှန်မဟုတ်တဲ့ ခံစားချက်တွေရှိနေတဲ့ သူ့လိုလူအတွက် ရူတိုအနားမှာ သူငယ်ချင်းလို နေဖို့တောင်းဆိုမိတာတောင် လွန်လှပြီမလား?

‌‌ဂျောင်ဝူး သူ့အကြံနှင့်သူ ပြုံးရင်း စက်ဘီးကို ခပ်သွပ်သွပ်နင်းလိုက်တော့သည်။
ကျောင်းရောက်သည်နှင့် စက်ဘီးကို ရပ်ကာ သူ့အခန်းဆီသို့ မြန်နိုင်သလောက်မြန်အောင် လျှောက်လာမိသည်။
သူအခန်းထဲဝင်လိုက်သည်နှင့် တစ်ယောက်သောသူကို မျက်လုံးဝေ့ကာ ရှာမိတော့ အရိပ်အယောင်တောင်
မတွေ့။
လွယ်အိတ်လဲမမြင်။
သူ့ကို စိတ်မကောင်းသည့် မျက်လုံးတွေနှင့် ကြည့်နေသည့် ဆိုဂျောင်ဟွမ်ကို  ကြည့်ပြီး ဂျောင်ဝူး မျက်ခုံးပင့်ကာ

"ရူတိုရော "

"ဟမ် မင်းမသိဘူးလား ?"

"ဘာကိုလဲ "

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now