Part 9

210 45 3
                                    

Unicode

"ဟိုနှစ်ယောက်က ဘာကိစ္စမလာသေးတာတုန်း "

ကားကထွက်တော့မည်။
ခုထိအရိပ်အယောင်တောင် မမြင်ရသေးဘူး
ဟာရူတိုနဲ့ပတ်ဂျောင်ဝူးက ဘာတွေများလုပ်နေကြသနည်း။
‌သေချာတာတစ်ခုကတော့ ဂျောင်ဝူးအိပ်ယာထနောက်ကျလို့ဘဲဖြစ်မည်။
ဂျောင်ဝူးက ခရီးထွက်စရာရှိလျှင် စိတ်လှုပ်ရှားပြီး
ညဘက်တွေအိပ်မပျော်တတ်ပေ။
မနက်ဆို ကုလားသေကုလားမော အိပ်ပျော်နေတတ်သည်။
ဟာရူတိုကတော့ ပြောမနေနဲ့ ဂျောင်ဝူးကို ထိုင်စောင့်နေမှာပေါ့။

camping ထွက်ရမယ်ဆိုလို့ ဂျောင်ဝူးဘယ်လောက်တောင် စိတ်လှုပ်ရှားနေလိုက်မလဲ?

ဆိုဂျောင်ဟွမ် တွေနေရင်း လက်ထဲမှ ပဲနို့ဘူးကို
အပြီးသတ်စုတ်ယူလိုက်သည်။
နောက်ငါးမိနစ်လောက်နေတော့ ကားပေါ်ကဆင်းလာသည့် ဟာရူတိုနဲ့ဂျောင်ဝူးကို မြင်လိုက်ရသည်။

ဂျောင်ဝူးရဲ့မာမားက‌ သူ့ကိုလက်ပြလာတာကြောင့်
သူလဲ ပြန်လက်ပြလိုက်ပြီး ခါးကိုကိုင်းကာနှုတ်ဆက်လိုက်သည်။

"ပတ်ဂျောင်ဝူး ကြာလိုက်တာကွာ "

"ဟီးဟီး အိပ်ရာထနောက်ကျသွားလို့ "

ပတ်ဂျောင်ဝူး စူပုတ်ဆိုဂျောင်ဟွမ်ရဲ့ ပါးဖောင်းဖောင်းကြီးကို လက်ဖြင့်ညစ်လိုက်ပြီး သွားဖြီးပြလိုက်သည်။

"ထင်သားဘဲ တက်မယ် "

ကားပေါ်ရောက်တော့ သူတို့သုံးယောက်နောက်ဆုံးတန်းမှာ နေရာယူလိုက်ကြသည်။
ဂျောင်ဝူးက ကားစီးရင် အပြင်ဘက်ရှူခင်းတွေကို
ကြည့်ရင်း စီးရတာကြိုက်သူမို့ ပြတင်းပေါက်ဘက်တွင်ထိုင်သည်။
ဟာရူတိုကတော့ သူ့ဘေးမှာပင်။
ဂျောင်ဟွမ်ကတော့ ပြတင်းပေါက် တစ်ဖက်မှာဖြစ်သည်။

ခနကြာတော့ ဆရာက လူစစ်ပြီး မှားရာရှိတာမှာကာ
ခရီးစထွက်လေပြီ။
ကားစထွက်တာနဲ့ တစ်ချို့တွေကတော့ ထုံးစံအတိုင်း သီးချင်းတွေဘာတွေဆိုနေကြတာပါဘဲ။
ဂျောင်ဝူးကတော့ ကားပြင်တင်းကနေ အပြင်ဘက်ရှုခင်းတွေကိုသာ ငေးကြည့်နေလိုက်သည်။

ခနကြာတော့ သူ့နှုတ်ခမ်းနားလေးကို အခွံနွာပြီးသား lolipopတစ်လုံး ရောက်လာသည်။
သူလှည့်ကြည့်လိုက်တော့ ဟာရူတိုက ကိုယ်တိုင်လဲlolipop တစ်လုံးပါးစပ်ထဲထည့်ထားပြီး သူ့ကိုလဲ"စားလေ"ဆိုသည့် ပုံစံမျိုးဖြင့် မေးဆတ်ပြသည်။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now