Unicode
"ငါ ၇နှစ်အရွွယ်က .."
ဟာရူတိုဆီမှ အသံထွက်လာသည်ကြောင့် ဂျောင်ဝူး
ကောင်းကင်ကိုကြည့်နေရင်းနှင့်မှ ဘေးက လူဆီသို့
မျက်လုံးဝေ့ကာ ကြည့်လိုက်ပြီး ကောင်ကင်ကြီးဆီသို့သာ ပြန်ငေးနေလိုက်သည်။"အင်း.."
"ငါ၇နှစ်အရွယ်မှာ ငါ့မိဘတွေ ကွာရှင်းခဲ့ကြတာ "
သူအသံပြုလိုက်တော့ ဟာရူတိုက စကားကို ပြန်ဆက်လာခဲ့သည်။
သူလည်း ဟာရူတိုရဲ့မျက်နှာကို ဘေးတိုက် ခပ်စောင်းစောင်းလေး ငေးမိတော့ မျက်လုံးထဲမှနာကျည်းမှုတွေကို အထင်းသားမြင်ရ၏။
ဂျောင်ဝူး သူအနည်းငယ်တော့ တှုန်လှုပ်သွားခဲ့မိပါသည်။
ဟာရူတိုရဲ့ မျက်လုံးတွေက အမြဲလိုလိုအသက်မဲ့နေတတ်သည်မဟုတ်လား?ဟာရူတိုပြုံးတာကို သူလက်ချိုးမှတ်လို့တောင်ရသည်။
သူအတွေးများနေစဉ်မှာပင် ဟာရူတိုက"သူတို့နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်ချစ်လို့ လက်ထပ်ခဲ့ကြတာပါဘဲ
ဒါပေမဲ့ အိမ်ထောင်သက်တမ်းကြာလာတော့ အဖေက ငါဆို့သားအမိနှစ်ယောက်ကို ငြီးငွေ့သွားတယ်
ကျောင်းကပြန်လာတိုင်း အမေ့ကိုအဖေက အော်ငေါက်သံတွေကိုကြားလာရတယ်
အဖေက ဘယ်လောက်အော်အော် အမေက မျက်ရည်လေးဝိုင်းပြီး ငြိမ်ခံနေလေ့ရှိတယ်
အဲ့အချိန်တွေဟာ အခန်းတံခါးဝကနေ ငေးကြည့်နေရတဲ့ ငါ့အတွက်တော့ အနာကျင်ရဆုံးနဲ့ နာကျည်းရဆုံးဘဲ
အဖေက ငါ့ကို တစ်စက်လေးတောင် ဂရုမစိုက်တော့ဘူး ပြီးတော့ သုံးပတ်လောက်မှတစ်ခါအိမ်ပြန်လာတယ် အမေကလဲ တဖြေးဖြေးနဲ့ ချုံးချုံးကျလာတယ်
ငါ့မိဘတွေ ဘာကြောင့်အဲ့လိုတွေဖြစ်နေကြလဲ ငါမသိဘူး ငါ့မိဘတွေအဆင်ပြေအောင် ငါဘာလုပ်ပေးရမှန်းလဲ ငါမသိဘူး
နောက်နေ့ ကျောင်းအဆင်းမှာတော့ ငါသဘောပေါက်သွားခဲ့တယ်...
ကျောင်းရှေ့က ကော််ဇီဆိုင်ထဲက မိန်းမတစ်ယောက်ရဲ့လက်ကိုဆွဲပြီးထွက်လာတဲ့ အဖေက ငါ့ကိုမြင်တယ် ငါ့ဘေးက ငါ့အမေကိုလဲမြင်တယ်....ဒါပေမဲ့
သူ မမြင်ချင်ယောင်ဆောင်ပြီး သူ့ဘေးက မိန်းမရဲ့လက်ကို ဆွဲပြီး ထွက်သွားခဲ့တာ..."ဟာရူတိုက မျက်ရည်တွေကို သူ့ကိုမမြင်စေချင်ဘူးထင်ပ။
ကောင်းကင်ပေါ်သို့မော့ကာ ကျလာဆဲဆဲမျက်ရည်တွေကို ဖျက်တောင်ဖြင့်ခတ်ကာ ထိန်းသည်။
YOU ARE READING
ထီးဝါတစ်လက်၏ ပုံပြင်
Fanfictionတစ်နေ့တော့ ပြောပြရအုံးမည်.. "ထီးဝါကမ်းသောလက်ကလေးသည် ကျွန်တော့်၏ အရာရာဖြစ်ကြောင်း..." "ထီးဝါပိုင်ရှင်၏ အပြုံးလေးသည် ကျွန်တော့်၏ အရာရာဖြစ်ကြောင်း"