Part 19

195 45 12
                                    

Unicode

အထီးကျန်၏။
သူ့ဘေးနားတွင် တီတီတာတာလေးတွေ ပြောကာ သူ့ကို အမြဲပြုံးအောင် လုပ်ပေးသည့် တစ်စုံတစ်ယောက်မရှိတော့ထဲက သေလောက်အောင်အထီးကျန်၏။
သူ့ဘဝသည် သင်းကွဲကာ အဖော်မဲ့နေသော ငှက်ကလေးတစ်ကောင်လိုပင်။
ကောင်ကင်ပြင်ကျယ်ကြီးထဲတွင် ဟိုအရပ်ဆီသို့ ပျံသန်းသွားရမလိုလို ဒီအရပ်ဆီသို့ပျံသန်းသွားရမလ်ုလိုဖြင့် ယောင်ချာချာဖြစ်နေသည်။
အခုသူ နှစ်ဆယ်။အထပ်တန်းအောင်၍ တတိယနှစ် တက္ကသိုလ်ကျောင်းသားပင်ဖြစ်နေလေပြီ။
သူတို့နယ်မြို့လေးတွင် တက္ကသိုလ်များမရှိသည့်အတွက် အခြားမြို့များသို့ ကျောင်းသွားတက်ရသည်။
လူအများကြီးနှင့်လဲ တွေ့ဆုံနေရပြီ။လူပေါင်းစုံနှင့်လည်း ပြောဆိုဆက်ခံနေရပြီ။
ထိုသူ သူ့အနားမှာမရှိတော့သည်မှာ 4နှစ်ပင်ရှိပြီဖြစ်သည်။
သို့သော် သူထိုသူအား တစ်ရက်မပြောနှင့် တစ်စက္ကန့်လေးပင် မေ့မရခဲ့ပါ။မေ့ဖျောက်ပစ်၍ မရခဲ့ပါ။
ထိုသူ၏ အငွေ့အသက်
ထိုသူ၏ ဂရုစိုက်မှု
ထိုသူ၏ အကြည့်
ထိုသူ၏ ခပ်ဖွဖွရီသံ
ထိုသူ၏ ရင်ခွင်နွေးနွေး စသည်...

သူ တစ်စက်မျှဖျောက်ဖျက်၍ မရခဲ့ပါ။သူသည် ထိုလူကို အဲ့သည်လောက်ကို စွဲလမ်းရသည်။
အဲ့သည်လောက်ကိုဘဲ  ရူးသွပ်ရသည်။
အချစ်ဦးမို့ ရူးသည်ဟုဘဲ ဆိုရမလား ?

"သားရေ ညနေစာ စားကြစို့ "

အခန်းတံခါးခေါက်ကာ ထမင်းစားလာခေါ်သည့် မားကြောင့် လမ်းတစ်ဖက်ခြမ်း မျက်နှာချင်းဆိုင်က သော့ခတ်ထားသည့် ခြံဝန်းမှ အကြည့်လွဲလိုက်ရင်း
ပါဝါမျက်မှန်ကို တစ်ချက်ပင့်တင်လိုက်သည်။
ထို့နောက် သူ သက်ပြင်းရှိုက်လိုက်ပြီး

"ဟုတ် ဆင်းခဲ့မယ် မား"

သူ မားကို ပြောပြီး အောက်ထပ်ဆင်းရန်  မှန်ရှေ့ ဖြတ်လျှောက်စဉ် မြင်လိုက်ရသည်က ခပ်ပိန်ပိန်ဖြစ်နေသည့် သူ့ပုံရိပ်‌။
ငယ်ငယ်ကလို ဆံပင်အုပ်အုပ်ဖြင့် မဟုတ်တော့ဘဲ
ဆံပင်ကို အလည်တည့်တည့်ခွဲကာ နဖူးတစ်ဖက်စီ၌ ကျနေသည့် ဆံပင်ပုံစံက သူ့ကို ရင့်ကျက်သည့်ပုံပေါ်စေသည်။
သို့သော် သူအခုထိ မရင့်ကျက်နိုင်သေးတာ သူဘာသာ သူသာ အသိဆုံး။
ထိုသူ့ နာမည်ကြားသည်နှင့် မျက်ရည်ဝဲသည်အထိ ခံစားနေရတုန်း!!

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now