Part 8

187 46 0
                                    

Unicode

ဟာရူတို အိပ်ရာမှနိုးလာတော့ ဂျောင်ဝူးက အခန်းထဲမှာမရှိတော့။ခုတင်ဘေးက စားပွဲတင်နာရီ‌ေလးကိုကြည့်မိတော့နေ့လည်၁၂ခွဲ။ပြီး‌တော့ နာရီနဲ့ဖိထားတဲ့စာရွက်လေးတစ်ရွက် ။
စာရွက်လေးကို လှမ်းယူပြီးကြည့်လိုက်တော့
ဆရာဝန်လက်ရေး‌နဲ့ ရေးထားတဲ့ စာလုံးတွေ။

*နိုးရင် အိုးထဲမှာ ဆန်ပြုတ်ရှိတယ် နွေးပြီးစားလိုက်
ဆေးရောသောက်လိုက်အုံး
ကျောင်းကပြန်လာမှ စာရှင်းပြမယ် *

ဟာရူတိုတစ်ချက်ပြုံးလိုက်ရင်း စာရွက်ကို သေချာခေါက်ကာ ခုတင်အောက်က သေတ္တာသေးသေးကိုဆွဲယူလိုက်ကာ ထိုထဲသို့ထည့်ထားလိုက်သည်။

သူခေါင်းနဲနဲကိုက်နေသေးတာက လွဲလို့ ကျန်တာအဆင်ပြေနေပြီဖြစ်သည်။
အနည်းငယ် ကိုက်နေသောခေါင်းကို သူ့လက်နှင့်ထိန်းလိုက်ရင်း ‌မျက်နှာသစ်ရန်ရေချိုးခန်းထဲဝင်ရသည်။
မျက်နှာသစ်ရန် ဘေစင်ရှေ့ရပ်တော့ သွားတိုက်ဆေးထည့်ပြီးသား သွားတိုက်တံလေးတစ်ချောင်းက အသင့်။

"အကုန်ကို လုပ်သွားပေးတာဘ‌‌ဲ "

~~~
"ဘာကိစ္စနဲ့ မှတ်စုစာအုပ်က နှစ်အုပ်တုန်း "

"ဟာရူတိုဖို့ "

ဂျောင်ဟွမ်ရဲ့အမေးကို ဂျောင်ဝူး စာတွေကူးနေရင်းနှင့်သာပြန်ဖြေလိုက်သည်။

"အော် သူသက်သာလား "

"ဘယ်သိမလဲ မနက်က‌ေတာ့ တအားမပူတော့ပါဘူး ခုတော့ငါလဲမသိဘူး "

"မနက်အစောကြီး မင်းသူ့အိမ်သွားလာတာလား"

"အေး"

ဂျောင်ဝူး ဟာရူတိုအိမ်မှာ အိပ်သည်ကိုတော့ ဂျောင်ဟွမ်ကို မပြောတော့။
ပြောလိုက်ရင် မေးခွန်းတွေ ဆက်လာတော့မည်။

"ငါညနေကျ သူ့ကိုလိုက်ကြည့်ချင်လို့ "

"သူ့ဆီ စာပို့ပြီးမေးကြည့်လေ ငါကဘယ်လိုပြောရမှာတုန်း "

ဂျောင်ဟွမ်က သူ့ကို ဘာမှပြန်မပြောတော့ဘဲ ဖုန်းထုတ်ကာ စာသာငုံ့ရိုက်နေသည်။
ခနကြာမှ ဂျောင်ဟွမ်က ဖုန်းကို သူ့မျက်နှာရှေ့ထိုးပြရင်း

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now