Unicode
မိုးသည် အပြင်ဘက်၌ တဖြောက်ဖြောက်ရွာသွန်းနေဆဲပင်။
"&"ဆိုသော ကော်ဖီဆိုင်ငယ်လေး အတွင်းမှ စားပွဲတစ်ခုတွင် ကောင်လေးနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
Americano အေးစက်စက်တစ်ခွက်သည်လည်း စားပွဲပေါ်၌ရှိနေသည်။
သူတို့နှစ်ယောက်ထိုင်နေကြသည်မှာ နာရီဝက်ပင် ရှိတော့မည်။
သို့သော် တစ်ယောက်နှင့်တစ်ယောက် စကားတစ်လုံးမှမပြောကြပေ။
ဂျောင်ဝူး သူ၏တှုန်ရီနေသည့် လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်နေမိသည်။ဘာလို့ ရုတ်တရက်ကြီး ဟာရူတိုက သူ့ဆီရောက်လာရသနည်း။
သူ၏မျက်နှာချင်းဆိုင်မှ လူကို ဂျောင်ဝူး အေးစက်စက်တစ်ချက်ကြည့်မိတော့ ဟာရူတိုက သူ့ကို ခပ်ဆွေးဆွေးတစ်ချက်ပြန်ကြည့်လာခဲ့သည်။
ဂျောင်ဝူး နှုတ်ခမ်းကိုတစ်ဖက်တွန့်ရင်း ဟက်ခနဲ တစ်ချက်ရီလိုက်ကာ ဟာရူတိုဆီမှ အကြည့်လွဲလိုက်ပြီး စားပွဲပေါ်၌ တင်ထားသည့် ရေစိုနေသော ထီးဝါလေးကိုသာ ငေးကြည့်နေမိပါတော့ပါသည်။
ထီဝါကို မြင်လိုက်သည်နှင့် ပါးနှင့်မား၏မျက်နှာက သူ့အတွေးထဲ ဝင်ရောက်လာခဲ့သည်မို့ သူမျက်လုံးကို ချက်ချင်းမှိတ်လိုက်မိပါသည်။
သူ ခုထိခံနိုင်ရည်မရှိသေးဘူး..ဟာရူတိုက အရင်ကထက် အရပ်ရှည်လာသည်နှင့်ဆံပင်ပုံစံကလွဲ၍ ကျန်တာသိပ်မပြောင်းလဲပေ။
ဆံပင်က အရင်လိုခပ်အုပ်အုပ်မဟုတ်တော့ဘဲ ဘေးသို့ ဆံပင်ကို သေသေသပ်သပ်ဖီးထားသည်။
လူကြီးဆန်ဆန်ပင်။
မျက်လုံးဝိုင်းဝိုင်းကြည်ကြည်လေးတွေ နှုတ်ခမ်းပါးပါးကတော့ အရင်ကလိုပင်။
မျက်ခုံးကတော့ အရင်ကထက် ပိုကြုံ့ထားသည်ကို တွေ့ရသည်။
ဟာရူတိုသည် အရင်ကထက်ပင် လူကြီးဆန်ပြီး ပိုကြည့်ကောင်းလာပါသည်။
အင်းး ခြောက်နှစ်တောင်ဘဲလေ။
ပြောင်လဲမှု အနည်းငယ်တော့ရှိမှာပေါ့..
သူကတော့ သူ့ရှေ့ကလူကို နှလုံးသားထဲက ထုတ်မပစ်ခဲ့နိုင်သည်မှလွဲ၍ ကျန်တာ အကုန်ပြောင်းလဲသွားခဲ့ပါသည်။"ဘာမှမပြောရင်လဲ ပြန်တော့ ဟာရူတို ငါလဲ အိမ်ပြန်ရအုံးမယ် နားချင်ပြီ "
YOU ARE READING
ထီးဝါတစ်လက်၏ ပုံပြင်
Fanfictionတစ်နေ့တော့ ပြောပြရအုံးမည်.. "ထီးဝါကမ်းသောလက်ကလေးသည် ကျွန်တော့်၏ အရာရာဖြစ်ကြောင်း..." "ထီးဝါပိုင်ရှင်၏ အပြုံးလေးသည် ကျွန်တော့်၏ အရာရာဖြစ်ကြောင်း"