Unicode
ပုံမှန်နေ့လေး တစ်နေ့ပါဘဲ.
ဟာရူတိုက ကျောင်အတူသွားဖို့သူခြံရှေ့မှာစက်ဘီးတစ်စီးနဲ့ရပ်စောင့်နေမယ်
သူက ပေါင်မုန့်တစ်ချပ်ကို ပါးစပ်ကကိုက်ရင်း စက်ဘီးကို လက်ကတွန်းပြီး ကတမ်းကရမ်းနဲ့ထွက်လာခဲ့မယ်
ထိုပုံစံနှင့်သူ့ကို ဟာရူတိုက ပြုံးပြုံးကြီး ကြည့်နေမယ်
ပြီးရင် သူ့နှာခေါင်းကို ခပ်ဖွဖွညစ်ပြီး ဟာရူတိုက သူ့ကို ဆူသလိုပြောလာမယ်။"ညနက်တဲ့အထိ ဂိမ်းဆော့ပြန်ပြီလား "
သူ့ကိုဆူတဲ့ဟာရူတိုကို သူက ဂျိုကြည့်ကြည့်ပြီး
"လာမဆူနဲ့"ဆိုပြီး ဘောက်ဆတ်ဆတ်ပြန်ပြောမယ်။
နောက်ဆုံးအနေနဲ့ ဟာရူတိုက ပြုံးပြီးသူ့ခေါင်းကို ခပ်ဖွဖွပုတ်ပေးလိမ့်မယ်။
ဒါဟာ ခုရက်ပိုင်းအတွင်း သူနှင့်ဟာရူတို၏
နေ့တိုင်းနီးပါးဖြစ်နေကြပုံစံပင်ဖြစ်သည်။
ရင်နှီးသည်ထက်ကို ပိုရင်းနှီးလာတာများလား?
သူကတော့ ဟာရူတိုအပေါ်ခံစားချက်ရှိနေသူမို့ ဒီလိုအခြေအနေမျိုးကို အရမ်းနှစ်သက်ပါသည်။
ဟာရူတိုက သူ့ကိုသူငယ်ချင်းလိုသဘောထားပြီး ဂရုတစိုက်ဆက်ဆံပေးတာပေမဲ့ သူကတော့ဒီအခြေအနေကို ကျေနပ်ပါသည်။
အဲ..ဟာရူတိုကိုကောင်မလေးတွေ လာဖွင့်ပြောကြတဲ့အချိန်ကလွဲလို့ပေါ့။
ထိုအချိန်တွေဆို ဂျောင်ဝူးရင်ပူလွန်းလို့ အမြဲရေခဲဝါးရသည်။
ဒါပေမဲ့ ဟာရုတိုက လာပြောသမျှကောင်မလေးတိုင်းကို ပြုံးပြုံးလေးနှင့်အကုန်ငြင်းတတ်သည်။"မျက်တွင်းတွေတောင် မဲလို့ ပန်ဒါဖြစ်နေပြီ
ပတ်ဂျောင်ဝူးတို့က ညနက်တဲ့အထိဂိမ်းမဆော့နဲ့လို့ပြောထားတာကို အရေးကိုမလုပ်တာနော် "သူခြံရှေ့ရောက်တာနဲ့ ဟာရူတိုရဲ့ ပူညံပူညံအသံကြီးကို ကြားရပါတော့သည်။
"မင်းက ငါ့အဖေလဲမဟုတ် "
သူပြောတော့ ဟာရူတိုက မျက်မှောင်ကြုံပြီး သူ့ကို ကြည့်လာသည်။
ဂျောင်ဝူးသွားဖြီးပြလိုက်ရင်း"စတာ သွားမယ် ညကစပြီး အစောကြီးအိပ်ပြီ တကယ်ပြောတာ "
"ပြီးရော သွားမယ် "
YOU ARE READING
ထီးဝါတစ်လက်၏ ပုံပြင်
Fanfictionတစ်နေ့တော့ ပြောပြရအုံးမည်.. "ထီးဝါကမ်းသောလက်ကလေးသည် ကျွန်တော့်၏ အရာရာဖြစ်ကြောင်း..." "ထီးဝါပိုင်ရှင်၏ အပြုံးလေးသည် ကျွန်တော့်၏ အရာရာဖြစ်ကြောင်း"