Part 12

169 46 6
                                    

Unicode

ခရီးကပြန်ပြီးနောက်ပိုင်း ဟာရူတိုနဲ့သူပိုပိုပြီးရင်းနှီးလာခဲ့ပါသည်။
ပိုပိုရင်းနှီးလာသည်နှင့် မမျှ သံယောဇဉ်တွေဟာလဲ ပိုမိုခိုင်မာလာသည် ဟုဘဲဆိုရမလား ?
သူဟာရူတိုကို တစ်ရက်တစ်လေလေးဘဲ မတွေ့ရရင်တောင် စိတ်ကအလိုမကျဖြစ်လာတတ်သည်။
ဟာရူတိုက အခုရက်ပိုင်း တစ်ခါတစ်ခါ ပျောက်ပျောက်သွားတတ်သည်။
ဘယ်သွားလဲ ဟုမေးတိုင်းလဲ လုပ်စရာရှိလို့ဟုသာ
ဖြေတတ်သည်။တစ်ခါတစ်ရံဆို နေ့လည်ထမင်းစားချိန်ထဲက‌ေန ညနေကျောင်းဆင်းသည်အထိပျောက်သွားတတ်သေးသည်။
အိမ်ကိုလဲ ညသန်းခေါင်းပေါက်မှ ပြန်လာတတ်သည်ကို သူသိသည်။
မနက်ကျောင်းလာရင်လဲ မျက်ကွင်းက ညိုနေပြီး
မျက်နှာကလဲ နွမ်းနေတတ်သေးသည်။
ခုလဲ သူ့အတွက် အအေးတစ်ဗူးကို အပြေးအလွားသွားဝယ်ကာ သူ့ရှေ့ချပေးရင်း လွယ်အိတ်ဆွဲကာ
ထွက်သွားလေပြီ။

"ဟာရူတို ဘယ်သွားမလို့လဲ !!!"

သူထိုင်‌ေနရာာမှ ထကာ အားကုန်သုံးပြီး အော်လိုက်ပေမဲ့ ဟာရူတိုက မကြားပါ။ဒါမှမဟုတ် မကြားချင်ယောင်ဆောင်သွားတာလား?
သူစိတ်ပျက်လက်ပျက်ထိုင်ချလိုက်ပြီး စိတ်တိုတိုနဲ့ အအေးဘူးမှာ ကပ်ထားသည့် Noteကို ဆွဲဖြုတ်ကာ ဖတ်ကြည့်လိုက်တော့

*ဒီနေ့လဲ အားတင်းထား*🦋

"ဟာရူတို ထွက်သွားပြန်ပြီလား ?"

ဆိုဂျောင်ဟွမ်က အတန်းထဲဝင်လာချင်း စိတ်ပျက်လက်ပျက်ဖြစ်‌နေသည့် ဂျောင်ဝူးကို ကြည့်ကာ မေးလိုက်သည်။

"အင်း "

"ဘယ်သွားတာတဲ့လဲ သူအတန်းပျက်တာ များနေပြီနော် "

"ငါမသိဘူး "

သူလဲ အအေးဘူးကို စိတ်တိုတိုနှင့်ဖွင့်ကာ သောက်လိုက်တော့ လီမွန်အရသာက လည်ချောင်းထဲ အေးခနဲ။
ခနကြာတော့ ဆရာက အတန်းထဲဝင်လာသည်မို့ အအေးဘူးကိုခုံအောက်ထိုးလိုက်ကာ သင်မည့်စာအုပ်ကို လွယ်အိတ်ထဲက ထုတ်လိုက်ပြီး မှောက်အိပ်နေလိုက်တော့သည်။
ပါးစပ်ကလဲ တိုးတိုးလေးပြောလိုက်သေးသည်။

"စိတ်ဆိုးပြီနော် ဟာရူတိုဆိုတဲ့ကောင် "

ဟုတ်သည်လေ အနည်းဆုံးတော့ အကျိုးအကြောင်းပြောသင့်တာပေါ့။
ခုတော့ မနက်ခင်းကျောင်းလာသည့်အချိန်သာ အတူတူရှိတော့သည်။
ထမင်းကိုလဲ သူနှင့်အတူမစားပေးတော့။
ညနေကျောင်းဆင်းရင်လဲ သူတစ်ယောက်ထဲ ပြန်ရသည်။
ညဘက်တွေ သူ့ဆီစာလာမလုပ်တော့။လမ်းလျှောက်ထွက်ပြီး လမ်းမီးတိုင်အောက်က ခုံတန်းမှာ သူနှင့်အတူထိုင်ပြီး ရေခဲချောင်းမစားပေးတော့။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now