Part 13

205 42 1
                                    

Unicode

ဒီနေ့တော့ ဟာရူတိုက ဘယ်မှမသွားပါ။သူ့ဘေးနားမှာဘဲ ကပ်နေတာဖြစ်သည်။

"ရူတို တကယ်သွားစရာမလိုဘူးလား "

"မလိုပါဘူးဆို ငါခွင့်ယူလာတာ "

"တကယ်တော့လေ မင်းအဖေကို ကူတာလဲ မှန်ပေမဲ့
ကျောင်းပျက်တာကြီးကို မကြိုက်ဘူးရယ် "

ပတ်ဂျောင်ဝူးပြောလိုက်တော့ ဟာရူတိုက သူ့ခေါင်းပေါ်လက်တင်ပြီး သူ့ဆံပင်တွေကို ထိုးဖွလာခဲ့သည်။
အဲ့ဒီအခိုက်အတန့်‌ေ့‌ေလးမှာ တကယ်ပါ သူခြေဖျားလက်ဖျားတွေပါအေးစက်လာခဲ့တာ...
သူဟာရူတိုရဲ့ လက်ကို ကယောင်ကတမ်းနဲ့ ပုတ်ထုတ်လိုက်ပြီး

"ငါအတည်ပြောနေတာ "

"ငါကကျောင်းပျက်လဲ တော်ပြီးသားပါ "

ဟာရူတိုက နက်ခ်တိုင်ကို ဆွဲချလိုက်ရင်း မျက်ခုံးပင့်ပြသည်မို့ ဂျောင်ဝူးမျက်နှာကြီး ရှုံ့မဲ့သွားရသည်။
ဘယ်လိုတောင် ကွန်ဖီးဒန့်က တအားမြင့်နေရတာတုန်း..

"စိတ်မပူနဲ့ တကယ်ပြောတာ ငါစာတွေလဲကြည့်ပါတယ် "

ဒီတစ်ခါတော့ အတည်ပြောလာသည်မို့ ဂျောင်ဝူး
ဟာရူတိုကို ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်ကာ

"အများကြီးပင်ပန်းနေလား "

ဂျောင်ဝူးရဲ့ ထိုအမေးအသံလေးက သူ့နှလုံးသားကို လက်သည်းဖြင့် ငြင်ငြင်သာသာလေး ကုတ်ခြစ်လိုက်သလိုပင်။
သူ့မှာ အသည်းပင်ယားလာရသည်။

"အင်း "

ဟာရူတိုကပြောရင်း သူ့ရဲ့ပုခုံးပေါ်ခေါင်းမှီချလိုက်သည်မို့ ဂျောင်ဝူးအတန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်မိသည်။
ဆရာမဝင်ခင် ဆိုတော့ အုပ်စုဖွဲ့စကားပြောနေကြသည်မို့ သူ့တို့ဘာသာရှုပ်‌နေသည်။သူ့‌ရှေ့ကို ကြည့်လိုက်တော့လဲ  ဂျောင်ဟွမ်က ခုံပေါ်မှောက်လျက်အိပ်နေလေသည်။

ဂျောင်ဝူးမျက်လုံး ကစားတာရပ်ပြီး သူ့ပုခုံးပေါ်မှီထားသည့်သူကို ကြည့်လိုက်တော့ မျက်လုံးကို မှိတ်ကာနေလေသည်။
ဟာရူတိုရဲ့ ဝင်လေထွက်လေက သူ့လည်ပင်းကို ရိုက်ခတ်‌နေသည်မို့ အသက်ကို တစ်ခနအောင့်လိုက်မိသည်။
ခုသူ့ပုံစံက ဘယ်လိုဖြစ်နေလဲဆိုလျှင် ခန္တာကိုယ်က တောင့်တောင့်ကြီးဖြစ်နေပြီး ဟာရူတိုရဲ့ ခေါင်းကို ပုတ်ပေးရမလို မပုတ်ပေးရမလို လက်တရွယ်ရွယ်ဖြင့် ချေတုံချတုံပုံစံကြီးပင် ဖြစ်လိမ့်မည်။
သူပုတ်ပေးမည်ဟုဆုံးဖြတ်ပြီး လက်ရွယ်လိုက်စဉ်မှာပင် ဆရာက အတန်းထဲဝင်လာတော့သည်။
သူဟာရူတိုရဲ့ ခေါင်းကို ဖွဖွလေးတွန်းလိုက်တော့ ပုခုံပေါ်က သူက ထလာကာ မျက်လုံးမပွင့်တစ်ပွင့်ဖြင့်ရီပြလာသည်။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now