Part 4

213 52 1
                                    

Unicode

ဂျောင်ဝူး လွယ်အိတ်လေးလွယ် စက်ဘီးလေး
တွန်းကာ ခြံပြင်ထွက်လိုက်သည်နှင့် ဟိုဘက်ခြံကို မ‌နေ့ကပြောင်းလာသည့် ကျေးဇူးမသိတတ်သူကြီးကို တွေ့လိုက်ရသည်။
လက်ထဲမှာလဲ သူ့လိုစက်ဘီးတစ်စီးနှင့်ပင်။

ဘာလဲ !သူရော စက်ဘီးနဲ့သွားမှာများလား?
သူစပ်စုနေရင်း ဟာရုတို မျက်နှာကို ကြည့်လိုက်မှ လန့်သွားရသည်။

ဘုရားရေ !သူ့မျက်နှာကြီးက ဘာကိစ္စအဲ့
လောက်ညိုမဲနေရတာလဲ?

နှုတ်ခမ်းထောင့်မှာလဲ သွေးစအနည်းငယ် စို့လို့ပင်။

"ဘာလို့ ငါ့ကိုထူးဆန်းသလို  လာကြည့်နေတာလဲ "

"ဘယ်သူက မင်းကို ကြည့်နေလို့လဲ"

ပတ်ဂျောင်ဝူးတို့က သူမှားနေရင်တောင်
ထိုကဲ့သို့ ဗြောင်လိမ်ကာ ပက်ခနဲ ပြန်ပြောတတ်သူဖြစ်သည်။

"‌ဗြောင်လိမ် ဗြောင်စားနဲ့ အာရုံနောက်တယ် "

"မင်း ! ဘာပြောတာလဲ "

"ကြားတဲ့အတိုင်းဘဲ "

ပြောကာစက်ဘီးစီးပြီးထွက်သွားသည့် ဂျပန်ကောင်လေးဟာရုတို၏ ကျောပြင်ကို မျက်မှောင်ကြုံကြည့်ရင်း ပတ်ဂျောင်ဝူး စက်ဘီး ကိုကန်လိုက်သည်။
အကျိုးဆက်ကတော့ ချည်ထောက်နာသွားသည်ပင်။

"အကြောကို မတည့်ဘူး "

~~~~

၄ရက်ကြာပြီးနောက် ..

ဂျောင်ဝူး ထမင်းပန်ကန်ထဲက ဝက်သားကတ်သလိပ်ကြော်ကို ခရင်းနှင့်ဖဲကာ တရပ်စပ်
ပါးစပ်ထဲ ထိုးထည့်နေမိသည်။

"ဖြေးဖြေးစားပါကွာ ဘယ်သူမှလုမစားပါဘူး
ကျောင်းတက်ဖို့ အဝေးကြီးလိုပါသေးတယ် "

ဘေးနားကပြောနေသည့် ဂျောင်ဟွမ်းကို
ပါးစပ်အပြည့်ဖြစ်နေသည့် ထမင်းတွေကို ဝါးရင်း တစ်ချက်စောင်းကာ လှည့်ကြည့်လိုက်သည်။
တရားခံက ဒင်းပင်။

"ငါနဲ့ အတူမစားချင်လို့နေမှာပေါ့ "

ဂျောင်ဝူး သူနှင့်မျက်နှာချင်းဆိုင်မှာ ထမင်းအစား colaထိုင်သောက်နေသည့် ဟာရုတိုဆီမှ
အသံထွက်လာတာကြောင့် မျက်မှောင်ကြုံ့ကာ
ကြည့်လိုက်သည်။
ထို့နောက် ဘေးနားက ရေခွက်ကို တဂွတ်ဂွတ်
ဖြင့်သောက်ချလိုက်ကာ

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now