Part 21

215 43 9
                                    

Unicode

ဂျောင်ဝူး မနက်မိုးလင်းတာနဲ့ထကာ ဟာရူတိုမသိခင် အိမ်ပြန်ရန် တိတ်တိတ်ကလေးအခန်းထဲက ထွက်လိုက်သည်။
သူဧည့်ခန်းထဲကို ကြည့်မိတော့ ဟာရူတိုက မရှိ ။
ဆိုဖာပေါ်တွင် သေသပ်စွာခေါက်ထားသည့် စောင်အထူကို တွေ့ရသည်။ ထသွားပြီထင်ပ။

သူပြုံးလိုက်ကာ တစ်လှမ်းချင်းလှမ်းရင်း တံခါးနားသို့
လျှောက်သွားလိုက်သည်။
သူတံခါးလက်ကိုင်ကို ကိုင်လိုက်ရုံရှိသေး အပြင်ဘက်က တံခါးကိုတွန်းလိုက်သည်မို့ သူယောင်ပြီး
လက်လွက်လိုက်မိသည်။

အထုတ်တွေဆွဲပြီးဝင်လာသည့် ဟာရူတိုက သူ့ကို မြင်သည်နှင့် ပြုံးကာ ခေါင်းကို ပုတ်လာသည်။

"နိုးပြီလား "

"နိုးလို့ဘဲ ရပ်နေတာမတွေ့ဘူးလား "

"ခိုးပြန်ဖို့ မစဉ်းစားနဲ့ မနက်စာအရင်လာစား "

"ငါမဆာဘူး "

ဂျောင်ဝူး တကယ်မဆာတာပင်ဖြစ်သည်။
မားမရှိတော့ထဲက မနက်စာဆိုသည်မှာ သူ့အတွက်မလိုအပ်သည့်အရာဖြစ်လာခဲ့သည် ။

"နဲနဲတော့ စားရမယ်လေကွာ "

"ဟင့်အင်း ငါပြန်မှာ "

ဂျောင်ဝူး ဟာရူတိုကို ကျော်ပြီး အခန်းထဲမှ မြန်မြန်ပြေးထွက်လာခဲ့သည်။
ဟာရူတိုနောက်က လိုက်လာသည်ကို သိသော်လည်း
သူလှည့်မကြည့်ဖြစ်။
သူဓာတ်လှေကားစောင့်နေစဉ်မှာဘဲ ဟာရူတိုက သူ့ကိုမှီလာကာ သူ့ဘေးနားရပ်နေသည်။

"ကိုယ် လိုက်ပို့ပေးပါ့မယ် "

"မလိုအပ်ဘူး "

"ဂျောင်းဝူး ရား.."

ဟာရူတို သူ့ဘေးက ဂျောင်ဝူးကို ဘာမှမပြောတော့ဘဲ ဘေး၌အတူတူရပ်ကာ ဓာတ်လှေကားစောင့်နေပေးလိုက်သည်။
သို့သော် ဓာတ်လှေကားက တော်တော်နှင့်မတက်လာနိုင်သေးလို့ ထင်သည် ဂျောင်ဝူးက လှေကားကနေဆင်းသွားတော့သည်။
သူလဲနောက်ကလိုက်ရပြန်သည်။

အောက်ထပ်ရောက်သည်နှင့် ဂျောင်ဝူးလက်ကိုကားပါကင်သို့ဇွတ်ဆွဲခေါ်ပြီး ကားထဲအတင်းထည့်ရသည်။
သူကားထဲဝင်လိုက်တော့  မျက်လုံးတွေမှေးကျဉ်းကာ ‌သူ့ကို ခပ်စူးစူးကြည့်‌နေသည့် ဂျောင်ဝူးကို တွေ့လိုက်သည်။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now