Part 3

202 49 0
                                    

Unicode

စာစသင်သည်နှင့် ဆိုဂျောင်ဟွမ်တို့က စလေပြီ။ခေါင်းငုံ့ကာ ခရင်မ်ပေါင်မုန့်ကို အပြီအပြင်ကိုစားနေလေပြီ။ ဘယ်နားကရလာလဲမသိ။
ဒီကောင်လေးကတော့ တွေ့မယ်..

ဂျောင်ဝူး ပေတံကို ကောက်ယူကာ ဂျောင်ဟွမ်ရဲ့ကျောကို ပုတ်လိုက်သည်။
အဖက်ပင်မလုပ်။
"ဆိုဂျောင်ဟွမ် မုန့်စားတာခုရပ်လိုက် "

သူလေသံလေးဖြင့် ပြောလိုက်ရင်း ကျောကို
နောက်တစ်ချက် အားစိုက်ပြီး ထပ်ပုတ်သည်။
ဒီတစ်ခါလဲ အဖက်မလုပ်ပေ။

"ဆရာ"

ဂျောင်ဝူး သူဂျောင်ဟွမ်ကျောကို ထပ်ပုတ်မယ်
လုပ်နေစဉ် ဘေးနားကအသံထွက်လာသည်။
သူ့ကြည့်လိုက်တော့ ဂျပန်ကောင် အချောလေးက သူ့ဘက်မျက်လုံးတစ်ချက်စွေကာပြန်ကြည့်ပြီး လက်ထောင်လိုက်သည်။
တစ်တန်းလုံး၏ မျက်လုံးများက ထိုဟာရုတိုဆီမှာပင်။

"ဘာနားမလည်တာရှိလို့လဲ ဟာရုတို မေးလေ "

ဆရာက သူရေးလက်စကို ရပ်ကာပြောတော့ ဟာရုတိုက ခေါင်းရမ်းကာ အရှေ့တန်းက
ဂျောင်ဟွမ်ကို လက်ညိုးထိုးကာ ခပ်တည်တည်ပင်ပြောသည်။

"သူ မုန့်ခိုးစားတယ် "

စားပွဲခုံအောက် ခေါင်းငုံ့ကာ ပေါင်မုန့်ခိုးဝါးနေသည့် ဆိုဂျောင်ဟွမ်မှာ နင်သွားသည်ကြောင့်
ရေဘူးကို အမြန်မော့သောက်နေသည်။
ပတ်ဂျောင်ဝူး မျက်မှောင်ကြုံ့ကာ ဘေးက
ဂျပန်ကောင်ကို ကြည့်လိုက်တော့

အမယ် သူက ခပ်တည်တည်နဲ့ လက်ပိုက်ပြီး
အေးဆေးပင်။

"‌ဂျောင်ဟွမ်ရေ ပထမနေ့မှာ ဆရာ ဘာမှမပြောတော့ဘူး နောက်နေ့တွေကျရင်တော့ အပြစ်ဒဏ်ပေးမှနော် "

"ဟုတ်ဆရာ "

ဂျောင်ဟွမ်က မတ်တပ်ရပ်ကာ မျက်နှာငယ်လေးနှင့်ပြောတော့ ‌ဂျောင်ဝူးစိတ်မကောင်း။

"အင်း အင်း ထိုင်တော့ "

ဂျောင်ဝူး သူ့‌ဘေးက လက်ပိုက်ပြီး မိန့်မိန့်ကြီးထိုင်ကာ စာလိုက်ကြည့်နေသည့် ဟာရုတိုကို ကြည့်ကာ နှာမှုတ်လိုက်သည်။

ယောကျာ်းကြီးဖြစ်ပြီး နေရာတကာဝင်ပါတယ် ဟွန့်!!

~~~

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now