Unicode
ပတ်ဂျောင်ဝူး သူရှေ့က ဆန်ပြုတ်ပန်ကန်ကြီးကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
ရှုံ.လိုက်ပေမဲ့ ဘာအနံ့မှမရတော့။မိဘစကားနားမထောင်သည့် အကျိုးဆက်အရ
မနေ့ညနေ ပြန်ရောက်ထဲက နှာခေါင်းတွေပိတ်
ချောင်းတွေဆိုးကာ ဖျားတော့သည်။
မနက်ရောက်တော့ ထတောင်မထနိုင်တော့။"မျက်နှာကြီး မဲ့မနေနဲ့ ဆန်ပြုတ်သောက်လိုက်တော့ ပြီးရင် ဆေးသောက်ရမယ် "
"ဆန်ပြုတ်လဲ မကြိုက်ဘူး ဆေးလဲမကြိုက်ဘူး"
စိတ်မရှည်တော့ဟန် ပြောနေသည့် မားကို အသနားခံသည့် မျက်လုံးလေးတွေဖြင့် ဂျောင်ဝူး ကြည့်ကာ ပြောလိုက်သည်။
"ပြော မိဘစကားနားမထောင်တာ ဘယ်သူလဲ
မိုးမိရင် ဖျားတတ်မှန်းသိလို့ မိုးကာ ယူသွားပါ
ဆိုတာကို ထီးကို ခိုးယူသွားတာ ဘယ်သူလဲ
ပြီးတော့ ...""ရ ရပြီ မား နော် သားသောက်လိုက်တော့မယ်
နော် "ဂျောင်ဝူး သူ့ရှေ့က ဆန်ပြုတ်ပန်းကန်ကို အမြန်လေးယူကာ ကြိတ်မှိတ်မြိုချပြီးနောက်
ဆေးသောက်လိုက်တော့သည်။ဆေးသောက်ရမှာထက် မား၏ အသောမတတ်နိုင်သည့် ဓာတ်ပြားဟောင်းကြီးကို ပိုကြောက်သည်။
သူဆေးသောက်ပြီးနောက် အိပ်ယာထဲဝင်ကာ
ခွေနေလိုက်တော့ မားက ပြုံးပြီးခေါင်းခါသည်။
ထို့နောက် စောင်ကို သူ့ရင်ဘတ်နားအထိဆွဲတင်ပေးရင်း"ကောင်းကောင်းနားတော့ ကိုယ့်မာမားရထားတဲ့
ချစ်သက်လက်ဆောင်ကို သူစိမ်းကို ပေးပစ်တဲ့
စေသနာကောင်းသူကြီး ""မားကလဲ မားမသိလို့ သူကလေ ..."
ပတ်ဂျောင်ဝူး ပြောရင်း သူထီးပေးလိုက်တုန်းက မော့ကြည့်လာသည့် မျက်တောင်ရှည်ရှည်တွေ အောက်က ထိုကောင်လေး၏ အကြည့်စူးစူးဖြင့် မျက်ဝန်းတစ်စုံကို မြင်ယောင်လာသည်။
အဲ့ဒီမျက်ဝန်းတွေက စူးပြီး သိပ်ဆွဲဆောင်မှု
ရှိတာဘဲ..."သူက ဘာဖြစ်လဲ ဆက်ပြော."
"သူက..အာ..တော်ပြီတော်ပြီ မားဘဲ ကျေနပ်တယ်ဆို မနေ့ညနေကဘဲ အဲ့အကြောင်းပြောပြီးပြီလေ သူတစ်ပါးကို ကူညီတာ ကောင်းတာဘဲဆို မားပြန်ေပြာတာဘဲဟာ
YOU ARE READING
ထီးဝါတစ်လက်၏ ပုံပြင်
Fanfictionတစ်နေ့တော့ ပြောပြရအုံးမည်.. "ထီးဝါကမ်းသောလက်ကလေးသည် ကျွန်တော့်၏ အရာရာဖြစ်ကြောင်း..." "ထီးဝါပိုင်ရှင်၏ အပြုံးလေးသည် ကျွန်တော့်၏ အရာရာဖြစ်ကြောင်း"