Part 14

172 43 6
                                    

Unicode

"Haruto "

ဟာရူတိုစက်ဘီးကိုရပ်ရပ်ပြီးချင်း လေဒဏ်ကြောင့် ရှုပ်ပွနေတဲ့ ဂျောင်ဝူးရဲ့ဆံပင်‌ေတွကို ပြင်ပေးနေစဉ်သူ့နာမည်ခေါ်သံကြောင့် သူရောဂျောင်ဝူးရော လှည့်ကြည့်မိလိုက်ကြသည်။

ခေါင်းကိုငုံ့ကာ ချောကလက်ကို ရူတိုဆီတည့်တည့်ကမ်းပေး‌နေသည့် ကောင်မလေးကိုမြင်လိုက်ရသည့်အခါ
ဂျောင်ဝူး တော်တော်ဆိုးဆိုးပျက်ယွင်းသွား သူ၏မျက်နှာကို အမြန်ပြင်ပြင်လိုက်ရသည်။
Bခန်းက ကောင်မလေးမလား ?

ဟာရူတို သူ့ကိုယ်သူ လက်ညိုးဖြင့်ထိုးကာ ကောင်မလေးအားကြည့်ရင်း

"ငါ့ကို ခေါ်တာလား ?"

"အင်း"

ကောင်မလေးက ဟာရူတိုအမေးကို ခေါင်းမော့ကာ
ရှက်ပြုံးလေးဖြင့်ဖြေသည်။
ပြုံးလိုက်သည့်အချိန် ပါးချိုင့်လေးက ပေါင်းဖောင်းဖောင်းဆီနစ်ဝင်သွားသည်မို့ အခြား‌ယောကျာ်းလေးတွေဆိုလျှင် မြင်မြင်ချင်း ကြွေဆင်းသွားမည်မှာမလွဲပေ။
ဒါဆို ဟာရူတိုကရော?
သူသိချင်စိတ်ဖြင့် ဟာရူတိုကို ကြည့်လိုက်တော့
ထိုဂျပန်သားလေးမျက်နှာက ချောကလက်ကိုကြည့်ကာ ပြုံးစိစိနှင့်ပင်။
ဂျောင်ဝူး မျက်နှာလွဲလိုက်ကာ လွယ်အိတ်ကိုပြန်ပြင်ရင်း

"သွားတော့မယ်!!

‌ခပ်မြန်မြန်ထွက်သွားသည့် ဂျောင်ဝူးရဲ့ကျောပြင်ကို
တစ်ချက်ကြည့်ပြီးမှ ဟာရူတို သူ့ရှေ့ကကောင်မလေးဆီကို အာရုံပြန်စိုက်လိုက်သည်။

"ဘာပြောစရာရှိလိုလဲ"

သူမေးလိုက်တော့ ကောင်မလေးက ချောကလက်ကိုထိုးပေးရင်း

"ငါ haruto ကိုသဘောကျတယ် ကျေးဇူးပြုပြီး ငါနဲ့တွဲပေးနိုင်မလား "

ဟာရူတိုက ကောင်မလေးပေးလာတဲ့ ချောကလက်ကို ယူလိုက်ရင်း

"Sorry ပါ ငါကအဲ့ကိစ္စတွေ စိတ်မဝင်စားသေးလို့
ချောကလက်ကတော့ စားချင်လို့ယူသွားမယ်ရလား "

ကောင်မလေးက အူကြောင်ကြောင်နှင့် မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း ခေါင်းငြိမ့်ပြတာကြောင့် ဟာရူတို ကျေးဇူးတင်စကားပြောလိုက်ကာ ထွက်လာခဲ့လိုက်တော့သည်။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now