Part 22

233 39 12
                                    

Unicode

ဟာရူတို ဂျောင်ဝူးအိမ်က ပြန်လာသည့်နေ့ထဲက အခန်းထဲတွင်ဘဲ အောင်းနေမိသည်။
ဂျောင်ဝူး ငိုသည်ကို မြင်လိုက်ရသည့်အချိန် သူ့ရင်တွေ စုတ်ပြတ်သတ်သွားတော့မလိုပင်။
သူထွက်သွားသည့် အချိန်တုန်းကရော ဒီကောင်လေး
ဒီလိုငိုပြီးကျန်ခဲ့လေသလား?
အတွေးနှင့်တင် ရင်ထဲက တစ်ဆစ်ဆစ်ပင်။

သူခုတင်ပေါ်က ထလိုက်ကာ ပြတင်းပေါက်နားက ခုံတွင် နွမ်းလျစွာထိုင်လိုက်သည်။
ထို့နောက် သူခုနက စတိုးဆိုင်မှ ဝင်လာသည့် စီးကရက်ဘူးကို စိုက်ကြည့်နေမိသည်။
သူသောက်သင့်လား ?
သူခု၂၂နှစ်ပင်ရှိပြီ စီးကရက်ဆိုသည့်အရာကို တစ်ခါမျှ မထိခဲ့ဘူးပင်။
ဒါပေမဲ့ စီးကရက်သောက်ရင် စိတ်ညစ်စရာတွေက
စီးကရက်အငွေ့တွေနှင့်အတူ ပျောက်ကွယ်သွားသည်ဟု သူကြားဖူးသည်။

သူဗူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ကာ ကိုင်ပြီး
နှုတ်ခမ်ထက်တင်ရန်ပြင်နေစဉ် တစ်ချက်တွေဝေသွားမိသည်။

ထိုနေ့က သာယာသည့်‌ကျောင်းပိတ်ရက်ညနေခင်း
လေးပင်။
ထုံးစံအတိုင်း သူနှင့်ဂျောင်ဝူး ကမ်းခြေက သဲသောင်ပြင်မှာပင် ဘေးချင်းယှဉ်လျက် လက်ကိုခေါင်းအောက်ခုကာ လဲအိပ်နေကြသည်။
ဇင်ယော်ငှက်တွေဖြတ်သန်းသွားနေသည့် ကောင်းကင်နီနီကို နှစ်ယောက်သား ငေးနေမိ၏။

"ရူတို "

"အင်း "

"ငါ မနေ့တုန်းကလေ အတန်းထဲကတစ်ယောက် အိမ်သာထဲ စီးကရက်ခိုးသောက်နေတာ တွေ့ခဲ့တယ် "

"ဟုတ်လား "

"အင်း သူလန့်သွားပုံဘဲ သူက ငါ့ကို သောက်ချင်လားတောင် မေးသေးတယ် "

ဟာရူတို မျက်မှောင်ကြုံ့လိုက်ပြီး အိပ်နေရာမှ ထလိုက်သည်။
ထို့နောက် ပြုံးစိစိလုပ်နေသည့် ဂျောင်ဝူးကို ခပ်စူးစူးကြည့်ပေးလိုက်သည်။

"သောက်ခဲ့သေးလား "

"သောက်စရာလားကွ  အဲ့အနံ့ကြီးမုန်းလွန်းလို့ ပြီးတော့ ပါးက ပြောထားတယ် မင်းမာမားက အနံ့မခံနိုင်လို့ ငါတို့အဲ့တာကိုမသောက်ရဘူးတဲ့ ပါပါးလဲ မသောက်ဘူးရယ် "

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now