Part 6

211 51 5
                                    

Zawgyi

ဟာရုတိုဂျောင်ဝူးကို သူ့ခြံရှေ့ချပေးလိုက်ပြီး
နောက် သူ့အိမ်ဘက်ပြန်လာခဲ့သည်။
ခြံထဲဝင်ဝင်ချင်း မြင်လိုက်ရတဲ့ ကားကြောင့်
စိတ်ရှုပ်စွာ ဆံပင်ကို တစ်ချက်သပ်သင်လိုက်ရင်း စက်ဘီးဒေါက်ကို ပျင်းရိစွာထောက်နေလိုက်သည်။

"အဲ့တာက ဘယ်ကိုအလေလိုက်ပြီး ပြန်လာတာလဲ!"

အိမ်ထဲရောက်သည်နှင့် ကြားလိုက်ရသည်ကအမိန့်ဆန်လှသည့် သူ့အဖေ၏အသံ။
သူ့အဖေကဧည့်ခန်းက ဆိုဖာတစ်ခုပေါ်တွင် ခြေချိတ်ကာထိုင်ရင်း သူ့ကို စေ့စေ့ကြည့်နေသည်။
သူ အိမ်ပေါက်ဝနားတွင်သာရပ်‌နေလိုက်ကာ လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ကာစကားတစ်ခွန်းမြှပန်မ‌ပြောဘဲ မျက်နှာကိုသာ တင်းထားလိုက်သည်။
တစ်နည်းအားဖြင့် သူပြောချင်သည့်စကားလုံးတွေကို မြိုသိပ်ထားလိုက်ခြင်းဖြစ်သည်။

"မေးနေတာကို ပြန်ဖြေလေ "

"စကားပြောစရာမရှိတာမို့ ခင်ဗျားမိန်းမရှိတဲ့အိမ်ကိုသာ ပြန်လိုက်တော့ !ကျွန်တော်နားတော့မယ် "

"ဘာ ပြန်ပြောလိုက်စမ်း "

ဟာရူတို သူ့အဖေရဲ့ ဆုပ်ထားတဲ့လက်တွေကို မြင်လိုက်တာမို့ တစ်ချက်လှောင်ပြုံးပြုံးလိုက်ရင်း

"ဘာလဲ ထပ်ထိုးအုံးမလို့လား ထိုးလိုက်လေ
ထိုးပြီးသွားရင် ကျွန်တော့ဆီဘယ်တော့မှ
မလာနဲ့ "

"မင်းကိုယ့်အဖေကို ..."

"ဟင့်အင်း ကျွန်တော်တို့နှစ်ယောက်ရဲ့
အဖေနဲ့သားဆက်ဆံရေးက လွန်ခဲ့တဲ့
၁၁နှစ်ထဲက ပျက်စီးသွားတာပြီ
အဲ့ဒီဆက်ဆံရေးကိုလဲ အဖေဖြစ်တဲ့ ဒီကလူကြီးမင်းကိုယ်တိုင် ဖျက်ပစ်ခဲ့တာမဟုတ်ဘူးလား ဒါဆို .."

ဟာရူတိုသူ့အဖေ၏ ဒေါသထွက်နေသည့်မျက်နှာကိုလျစ်လျူရှူကာ သူအပေါ်ထပ်ကိုတက်လာခဲ့လိုက်သည်။
အခန်းထဲ ရောက်သည်နှင့် တံခါးကို သော့ခတ်လိုက်ကာ အောက်ထပ်က အော်ဟစ်နေသည့်အသံကို မကြားချင်‌ယောင်ဆောင်ထားလိုက်သည်။
ကားစက်နိုးသံခပ်ပြင်းပြင်းကြားမှ သူပြင်တင်းပေါက်နားရပ်လိုက်ကာ ခြံထဲမှဒုန်းစိုင်းကာ ထွက်သွားသည့်ကားကို  ကြည့်နေလိုက်သည်။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now