Unicode
အိမ်ပြန်လမ်းက တိတ်ဆိတ်၏။
ဟာရူတို ဂျောင်ဝူးနဲ့အတူ စက်ဘီးတစ်ယောက်တစ်စီးတွန်းရင်း ခပ်အေးအေးလမ်းလျှောက်လာခဲ့ကြသည်။
သူတို့ တစ်ယောက်နှင့်တစ်ယောက် စကားတစ်လုံးမှမပြောကြသေးချေ။
ဘယ်ကစပြောရမှန်းမသိတာဆို ပိုမှန်မည်။
ခြံရှေ့ရောက်သည့်အခါ ဟာရူတိုက စက်ဘီးကို ဒေါက်ထောက်ကာ ဂျောင်ဝူးရှေ့ရပ်ပြီး ပြုံးပြလိုက်တော့ ဂျောင်ဝူးက ပြန်ပြုံးပြလာခဲ့သည်။"အိမ်ထဲဝင်တော့ ရာသီဥတုက သိပ်မကောင်ဘူး မိုးရွာတော့မယ် ထင်တယ် "
ဟာရူတိုက ကောင်းကင်ပေါ်သို့ တစ်ချက်မော့ကြည့်ရင်း ပြောလာသည်မို့ ဂျောင်ဝူးခေါင်းအသာငြိမ့်ပြလိုက်ရင်း
"အင်း မင်းရော ဝင်တော့လေ "
"အင်း "
ဂျောင်ဝူး စက်ဘီတွန်းကာ ဝင်သွားသည့် ဟာရူတို၏ကျောပြင်ကို ကြည့်ကာ ကြိတ်ပြီးသက်ပြင်းချလိုက်မိသည်။
ဖွင့်ပြောမိတာ မှားသွားပြီလား?
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက နဲနဲအေးစက်သွားသလိုပင်။
ခုနကသူ့ကို ပြုံးပြတဲ့အပြုံးကလဲ အသက်မဝင်ဘူး..
ခါတိုင်းလို သူ့ခေါင်းကို ပုတ်ပြီး စာကောင်းကောင်းလုပ်ဆိုပြီး အမှာစကားမဆိုတော့ဘူး..ဒါပေမဲ့ သူ့ကို ရူတိုက မတွန်းထုတ်ခဲ့ဘူးလေ..
အားနာနေခဲ့လို့လား?ဘာဘဲဖြစ်ဖြစ် ရူတိုရဲ့အဖြေစကားကို သူမျှော်လင့်ချင်ပါသေးသည်။
သူရူတိုရဲ့ကျောပြင်ကို တစ်ချက်စိုက်ကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းတွေကို ဖွင့်ဟလိုက်သည်။"ရူတိုရော ငါ့ကိုသဘောကျရဲ့လား ?"
တှုန်ယင်နေသည့် ဂျောင်ဝူးရဲ့အသံက ခပ်မှိုင်းမှိုင်းဖြစ်နေသည့် ပတ်ဝန်းကျင်တွင် ခပ်တိုးတိုးလေးထွက်ပေါ်လာခဲ့သည်။
ရုတ်တရက် မိုးဖွဲလေးတွေက သူ့မျက်နှာကို ရိုက်ခတ်လာခဲ့ပါသည်။
မိုးရေမှုန်မှုန်ဝါးဝါးလေးထဲမှာ မြင်လိုက်ရတာက ဟာရူတိုရဲ့ ခပ်မတ်မတ်ဖြစ်နေတဲ့ ကျောပြင်။ဂျိန်း!!!
"မိုးရွာလာပြီ အိမ်ထဲဝင်တော့ အအေးပတ်လိမ့်မယ် "
YOU ARE READING
ထီးဝါတစ်လက်၏ ပုံပြင်
Fanfictionတစ်နေ့တော့ ပြောပြရအုံးမည်.. "ထီးဝါကမ်းသောလက်ကလေးသည် ကျွန်တော့်၏ အရာရာဖြစ်ကြောင်း..." "ထီးဝါပိုင်ရှင်၏ အပြုံးလေးသည် ကျွန်တော့်၏ အရာရာဖြစ်ကြောင်း"