Unicode
"ကိုကိုးး"
ခပ်ချွဲချွဲခေါ်သံကြီးကြောင့် ကင်ဒိုယောင်း ကော်ဖီစေ့ကြိတ်နေရင်း မျက်ဖြူလန်လိုက်မိသည်။
ဒီကလေးက လာပြန်ပြီလား?"ကိုကိုးးလို့"
ဆိုဂျောင်ဟွမ် သူခေါ်နေတာကို အရေးမလုပ်သည့် အကိုသေးသေးလေးကြောင့် မျက်မှောင်တစ်ချက်ကုတ်ရင်း ပြန်ခေါ်လိုက်တော့
"ဘာလဲ "
ကင်ဒိုယောင်း ခပ်ဆတ်ဆတ်ထူးလိုက်ရင်း အရှေ့ကကလေးကို ဂရုမစိုက်ဘဲ လုပ်လက်စကိုသာ ဆက်လုပ်နေလိုက်သည်။
"သတိရလို့ လာတာလေ "
"ဘာမှမသောက်ဘူးဆို ပြန်လိုက်တော့ "
သူပြောလိုက်တော့ ကောင်တာပေါ်မှေးထောက်ကာ
ထိုင်နေသည့် သူကလှုပ်လှုပ်ရှားရှားဖြစ်လာပြီး"အဲ အဲ့ဆို ice coffee တစ်ခွက်လောက် "
"ခနစောင့် "
"ဟုတ် ကိုကို ဟီးဟီး"
"အဲ့ဒီကိုကိုလို့ ထပ်ခေါ်မယ်ဆိုရင် နောက်တစ်ခါဆိုင်မလာခဲ့နဲ့"
အကိုသေးသေးလေးနဲ့ မာထန်ထန်ပြောစကားကြောင့် ဆိုဂျောင်ဟွမ် နှုတ်ခမ်းလေးစူလိုက်မိသည်။
"ကိုကိုမှ နာမည်မပြောပြတာ"
"ဘာအကြောင်းနဲ့ ငါ့နာမည် မင်းကိုပြောရမှာလဲ "
"ဟ ကျွန်တော်က ကိုကို့ကို သဘောကျနေတာ သိသားနဲ့ မဟုတ်မဟုတ်ဘူး ကြိုက်နေတာ အာ ဘယ်လိုပြောရမလဲမသိတော့ဘူး "
ကင်ဒိုယောင်း သူ့ရှေ့မှ နှုတ်ခမ်းတစ်ထော်ထော်နှင့် ပြောနေသည့် ကလေးကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး
"မသိရင် မပြောနဲ့ အိမ်ပြန်ပြီးသာ စာဖတ်နေစမ်းပါ "
"စာက ကိုကိုမှမဟုတ်တာ မဖက်ချင်ပါဘူး "
ဒီကလေးနှယ်..
သူice coffee တစ်ခွက်ကို မြန်မြန်ဖျော်ကာ ပေးလိုက်ပြီး
"ကော်ဖီရပါပြီ ပြန်ပါတော့ဗျ "
"ဒီချစ်စရာလေးကို ဘယ်အချိန်ထိ နှင်လွတ်နေမှာလဲ"
![](https://img.wattpad.com/cover/315652162-288-k151491.jpg)
YOU ARE READING
ထီးဝါတစ်လက်၏ ပုံပြင်
Fanfictionတစ်နေ့တော့ ပြောပြရအုံးမည်.. "ထီးဝါကမ်းသောလက်ကလေးသည် ကျွန်တော့်၏ အရာရာဖြစ်ကြောင်း..." "ထီးဝါပိုင်ရှင်၏ အပြုံးလေးသည် ကျွန်တော့်၏ အရာရာဖြစ်ကြောင်း"