Final

310 54 2
                                    

Unicode

ဟာရူတို သူအနားပြန်ရောက်လာသည်တောင် နှစ်လကျော်နေပြီဖြစ်သည်။
ဟာရူတိုက သူရှိရာ ဒီမြို့ငယ်လေးမှာဘဲ Mini market
လေးဖွင့်ကာ နေသည်။
သူ၏ အမွေတွေနှင့်ဆိုရင် အလုပ်လုပ်စရာတောင်မလိုဘဲ ထိုင်စားလို့ရပေမဲ့ ဟာရူတိုက အလုပ်မရှိဘဲမနေတတ်သည်ကြောင့်ပင်။
ဂျပန်က လုပ်ငန်းတွေက သူ၏ညီမဖြစ်သူက ဦးစီးတာမို့ တစ်ခါတစ်ရံပြန်ကြည့်ရတာလွဲ ထဲထဲဝင်ဝင်လုပ်ပေးစရာမလို။

ဂျောင်ဝူး သူနှင့်မျက်နှာချင်းဆိုင်တွင် အိပ်မောကျနေသည့် ဟာရူတို၏ မျက်နှာချောချောကို ငေးကြည့်နေမိသည်။
ပြတင်း‌ပေါက်မှ လိုက်ကာ အပါးလေးက လေပြင်းတစ်ချက်ဝှေ့လာတော့ ခပ်လွင့်လွင့့်ကလေးဖြစ်သွားကာ ‌နေရောင်က ဟာရူတို၏ မျက်နှာပေါ်သို့ ကျရောက်သည်။
သူလက်ဖြင့် ရူတို၏မျက်နှာပေါ်သို့ ကျရောက်နေသည့် ထိုနေရောင်ကလေးအား လက်ဖြင့် ကာမိသည်။
ခနကြာတော့ ဟာရူတို၏ ပွင့်လာသည့် မျက်လုံးတွေ။
သူ့ကိုမြင်သည်နှင့် ဟာရူတိုက ပြုံး၏။
မနက်ခင်းတိုင်း ကိုယ်နှစ်သက်မြတ်နိုးရသူ၏ မျက်နှာလေးကို အရင်ဆုံးမြင်တွေ့ခွင့်ရသည်က ကံကောင်းခြင်းတစ်မျိုးပင်မဟုတ်လား။

"နိုးနေတာ ကြာပြီလား"

"အင်း ငါမနက်စာတောင်ပြင်ပြီးသွားပြီ "

"ဒီနေ့မနက် ကိုယ်ပြင်ပါမယ်ဆို ဘာလို့အစောကြီးထတာလဲ "

ဟာရူတို ပြောရင်း ဂျောင်ဝူးရဲ့ လက်တစ်ဖက်ကို ဆွဲယူကာ သူ၏ပါးပြင်တွင် ကပ်ထားမိသည်။
လက်နွေးနွေးကလေးက သူ့ပါးပြင်ကို ခပ်ရွရွကလေး ပွတ်သပ်ပေးလာသည်မို့ သူမျက်လုံးကိုမှိတ်ရင်း ပြုံးနေမိသည်။

"အိပ်မပျော်တော့လို့ ထနေလိုက်တာ မင်းလဲထတော့လေ ပြီးရင် နှစ်ယောက်လုံးဆိုင်ဖွင့်ရအုံးမယ် "

"ဂျောင်ဝူး "

ဟာရူတို၏ အသံက ခပ်ရှရှ။

"ဟင် "

"ကိုယ်နမ်းလို့ရမလား "

ဂျောင်ဝူး ခပ်ဖွဖွကလေးပြုံးမိသည်။
ရူတိုက သူအတင်းလုပ်တာတွေ မကြိုက်မှန်းသိတော့
တစ်ခုခုလုပ်ချင်ရင် သူ့ကိုခွင့်တောင်းတတ်သည်။
ဟာရူတိုက အဲ့သည်လိုပင် သူပြောသည့် စကားတိုင်း
သူ့အပြုအမူတိုင်းကို အလေးထားသည်။
သူ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တော့ ဟာရူတိုက သူ့အနားတိုးကပ်လာခဲ့သည်။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now