Part 23

222 37 1
                                    

Unicode

ဂျောင်ဝူး ခြံအပြင်ဘက်က ဘဲလ်သံကြောင့် အိမ်ပေါ်မှ ပြေးဆင်းပြီး အိမ်တံခါးပေါက်မှာ ချထားသည့်
ဖိနပ်အပါးလေးကို စီးလိုက်သည်။
သူအပြေးကလေး ခြံထဲဆင်းရင်း တံခါးကို ဖွင့်လိုက်တော့ ကျူးလစ်နီနီတွေက ဆီးကြိုပါ၏။
အနီရောင်ကျူးလစ်တွေကို ကိုင်ထားသည့် ဟာရူတိုက သူ့ကိုပြုံးပြနေခဲ့ပါသည်။
ဂျောင်ဝူး အသာပြုံးလိုက်ရင်း ပန်းတွေကို ရူတိုဆီမှ
ခပ်ဖွဖွက‌ကလေး လက်လွဲယူလိုက်ရင်း

"ငါက မိန်းကလေးမှ မဟုတ်တာ ဘာကိစ္စနဲ့ ဒီပန်း‌တွေ
ယူလာရတာလဲ "

"အိမ်ထဲဝင်နှင့် ကိုယ်ကားအရင် ခြံထဲသွင်းအုံးမယ်
ဖိနပ်ကလဲ အပါးလေးနဲ့ အင်္ကျီကရော ပါးပါးလေးသွားမြန်မြန်ဝင် "

ဟာရူတိုက မျက်မှောင်ကြုံ့ကာ သူ့ကုတ်အင်္ကျီကို သူ့ပုခုံးထက် လွမ်းခြုံပေးရန်ပြင်နေသည်မို့ ဂျောင်ဝူး လက်ကာပြလိုက်သည်။

"မင်း ကိုယ့်ဘာသာ ဝတ်ထား ငါအိမ်ထဲမြန်မြန်ဝင်လိုက်မယ် "

"ဟုတ်ပြီ မြန်မြန်ဝင် အအေးမိလိမ့်မယ် "

ဂျောင်ဝူးလဲ ရူတိုကို ခေါင်းငြိမ့်ပြလိုက်ကာ ပန်းစည်းကို ပိုက်ရင်း အိမ်ထဲခပ်သွပ်သွက်ကလေး ဝင်ခဲ့လိုက်တော့သည်။

***
ဟာရူတို အိမ်ထဲဝင်လာတော့ ဂျောင်ဝူးက ဧည့်ခန်းထဲတွင်မရှိ။
သူပေးသည့် ပန်းစည်းကလေးကိုတော့ စာပွဲပေါ်တွင် အသာလေးတင်ထားသည်။
သူလဲ ဂျောင်ဝူးကို ဆိုဖာပေါ်တွင် ထိုင်ရင်းသာစောင့်နေလိုက်တော့သည်။
ခနကြာတော့ romyက မီးဖိုခန်းထဲကနေ လှုပ်စိလှုပ်စိဖြင့် ပြေးထွက်လာသည်။
သူ့အနောက်တွင်တော့ ဂျောင်ဝူးက ကော်ဖီနှစ်ခွက်ကို ကိုင်၍ လိုက်လာသည်။

ဆွယ်တာအဖြူရောင်ဝတ်ထားသည့် ဒီကောင်လေးက
ခုနက ကျူးလစ်နီနီတွေကို ရင်ခွင်ထဲပိုက်ထားသည့်အချိန် သိပ်ကိုကြည့်ကောင်းနေခဲ့တာ..

"ပန်းက မလိုတာကို ဘာလို့ဝယ်လာတာလဲ ဒီကဖြင့်
ယောကျာ်းအရင့်အမာကြီးကို "

သူငေးကြည့်နေတုန်းမှာ ကော်ဖီခွက်ကို သူ့ရှေ့ချပေးရင်း မကျေနပ်သလိုပြောနေသည့် ဂျောင်ဝူးက အရင်ကလိုဂျစ်တူးလေးပင်။
ဟာရူတို အသံထွက်ရုံမျှရီလိုက်ပြီး သူ့ဘေးလာထိုင်သည့် ဂျောင်ဝူးရဲ့ လက်ကို ဆုပ်ကိုင်ပေးထားလိုက်သည်။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now