Part 1

319 57 0
                                    

Zawgyi

Flash Back..

ဒေါက် ဒေါက် ...

ဂျောင်ဝူး အခန်းထဲထိုင်ကာ ဂိမ်းဆော့နေစဉ်
အပြင်ဘက်က တံခါးခေါက်သံကြောင့်
သက်ပြင်းတစ်ချက်ချကာ မျက်ဖြူလှန်လိုက်သည်။

သေချာသည် မားတို့က ခိုင်းပြန်တော့မည်..

ဒေါက် ဒေါက် ..

"သားရေ ထွက်ခဲ့အုံး"

"ဟုတ်... လာပါပြီ.."

တံခါးခေါက်သံနှင့်အတူ မား၏ အသံပါတစ်ဆက်တည်း ထွက်လာတာကြောင့် သူဂိမ်းကို ရပ်လိုက်ကာ ဖုန်းကို ချလိုက်ပြီး ပျင်းရိပျင်းတွဲဖြင့် တံခါးကို သွားဖွင့်ပေးလိုက်သည်။

"မျက်နှာက ဘာဖြစ်နေတာလဲ အီးမှန်နေတဲ့
ရုပ်နဲ့ ချစ်စရာမကောင်းဘူနော် "

မားက သူ့မျက်နှာကို လက်ဖဝါးနှစ်ခုထဲထည့်ကာ ညစ်လိုက်ပြီး အူယားနေသည့်ပုံဖြင့် ပြော
သည်။

"ပျင်းလို့လေ မားကလဲ"

ဂျောင်ဝူး မားရင်ခွင်ထဲ ခေါင်းလေးတိုးပြီးချွဲတော့ သူ့မားက ခေါင်းကို ခပ်ဖွဖွပုတ်ကာ..

"ချွဲမနေနဲ့ မားကို ဈေးမှာ သုံးထပ်သား သွားဝယ်ပေး ပါးဒီညပြန်လာမှာ ညစာပြင်ရမယ် "

"ဟုတ်.."

ပတ်ဂျောင်ဝူး မားဆီမှ ပိုက်ဆံကို ယူကာ
အိမ်ထောင့်နားလေးတွင်  ရပ်ထားသည့် စက်ဘီးကို ထုတ်ယူနေစဉ် မိုးဖွားလေးများက
သူ့မျက်နှာပေါ်သို့ ကျလာသည်။

"သားရေ မိုးကာ ဝတ်သွား"

"ဟုတ် "

မီးဖိုချောင်ထဲက လှမ်းအော်တဲ့မားရဲ့အသံကို
သူပြန်ဖြေရင်း အိမ်တံခါးပေါက်က ခြင်းထဲတွင်
ထည့်ထားသည့် ထီးအဝါ ရောင်လေးကို
ကောက်ယူလိုက်သည်။ထိုကဲ့သို့ မိဘစကားနား
ထောင်သော သားလိမ္မာလေးဖြစ်သည်။
သူသည် မိုးကာကြီး ဝတ်ရသည်ကို သဘောမကျ။ပြီးတော့ သူထီးဝါလေးကို သိပ်ကြိုက်သည်။

မားပြောပြဖူးတာကတော့ ပါးနှင့်မားက ထိုထီးအဝါလေးကြောင့် ဖူးစာဆုံခဲ့တာတဲ့..
ကျောင်းအဆင်း ထီးမပါလို့ ဘပ်စ်ကားဂိတ်မှာ
မိုးဝင်ခိုနေတဲ့ မားကို ပါးက အဲ့ထီးပေးခဲ့တာတဲ့။
ထို့ကြောင့် မားက ထိုထီးအဝါလေးကို သိပ်ကြိုက်သည်။တန်ဖိုးထားသည်။
ထီးခရိုင်လေးတွေ တစ်ခါကျိုးတိုင်း နေထိုင်မထိဖြစ်ကာ ဈေးထဲက ထီးပြင်ဆိုင်လေးမှာ
ပြေးပြေးပြင်တဲ့ မားက ထိုထီးကို မည်မျှ တန်ဖိုးထားကြောင်း ပေါ်လွင်သည်။
သိပ်လည်း ထိုထီးကို မသုံးသဖြင့် အရောင်နည်းနည်းလွင့်နေရုံမှ လွဲ၍ သုံးလို့ရနေသေးသည်။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now