part 7

220 46 1
                                    

Unicode

"ဂျောင်ဝူး !!"

"ဟာ ဖြေးဖြေးအော်ပါကွာ ညက မအိပ်ရသေးပါဘူးဆို "

ခုံပေါ်မှောက်အိပ်နေရာမှ ထကာ လက်ကို အပေါ်မြှောက်ရင်း အညောင်းဆန့်နေသည့် ‌ ဂျောင်ဝူးကို
ဂျောင်ဟွမ်ကြည့်ရင်း ခေါင်းခါလိုက်သည်။

"ဘာလဲ ဂိမ်းဆော့နေပြန်ပြီလား "

"အင်း မင်းဘာပြောမလို့လဲ "

"ဟီးဟီး နောက်လ ငါတို့အတန်းcampingထွက်ဖို့ရ်ှတယ်တဲ့ "

"ဟုတ်လား ဘယ်ကိုသွားကြမှာတဲ့လဲ"

‌camping ဆိုသည့်အသံကြားသည်နှင့်ဂျောင်ဝူးရဲ့
မျက်လုံးမှာ အရောင်တဖျတ်ဖျတ်လက်လာတော့သည်။

"တောင်တက်လို့ပြော‌ေနကြတာဘဲ "

"အားးသေလောက်တယ် ငါအရမ်းကြိုက်တာဘဲ
ရူတို ရူတိူ ဒီကိုလာ မြန်မြန် "

ဂျောင်ဝူးက ခုံကိုလက်ဖြင့် တပြန်းပြန်းတီးကာ
အော်ဟစ်နေပြီး အထုတ်တစ်ထုတ်ဖြင့် အတန်းထဲ ဝင်လာသည့် ဟာရူတိုကိုအော်ခေါ်လိုက်သေးသည်။

"ဘာဖြစ်လို့လဲ "

ဟာရူတို  ခုံ၌ဝင်ထိုင်ရင်း ဂျောင်ဝူးဘက်သို့လှည့်ကာ မေးလိုက်တော့ အနှီကောင်လေးက ပါးစပ်နားရွက်တက်ချိတ်မတတ်ပြုံးကာ ဝမ်းသာအားရဖြင့်

"ဂျောင်ဟွမ်ပြောတာ ငါတို့အတန်းက နောက်လcampingရှိတယ်တဲ့ တောင်တက်ရမှာတဲ့ "

"ဟုတ်လား "

"အင်း ငါကိုယ်တိုင် ကြားခဲ့တာ "

ဂျောင်ဟွမ်က  ခေါင်းငြိမ့်ပြပြီး ဝင်ပြောသည်။

"ပျော်စရာကြီးနေမှာကွာ နော် "

ဂျောင်ဝူးက ဟာရူတိုရဲ့ ပုခုံးကို တိုက်ပြီးမေးတော့
ဟာရူတို ခေါင်းငြိမ့်ပြရပြန်သည်။

"ဟုတ်တယ် "

"ငါ အဲ့ခါကျရင် ကြယ်တွေကို တစ်ညလုံးထိုင်ကြည့်ပစ်အုံးမယ် "

"အင်း မအိပ်ဘဲထိုင်ကြည့် "

ဟာရူတိုနဲ့ဂျောင်ဝူး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိရင်း ရီလိုက်ကြသည်။
မရီရတာက ‌ဆိုဂျောင်ဟွမ်ပင်။

ထီးဝါတစ်လက်၏ ပုံပြင်Where stories live. Discover now