Chapter 1 - တတိယဇာတ်လိုက် မင်းကိုအခွင့်အရေးတစ်ခုပေးမယ်

3.1K 300 3
                                    

Unicode

သွမ့် ကော်ပိုရေးရှင်း အထွေထွေဌာနရုံးချုပ် အဆောက်အဦး၌

လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနမှ စာရေး လီလိလိသည် လက်ထဲတွင် စာရွက်စာတမ်း အနည်းငယ် ကိုင်ဆောင်ကာ ရုံးခန်းထဲသို့ ပြေးဝင်သွားပြီး သူမရဲ့ ထိုင်ခုံသို့ ရောက်သောအခါ စိတ်လှုပ်ရှားစွာဖြင့် လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ပြီး သွမ့် မင်းဆက် အရပ်ဘက် စစ်ဘက် အရာရှိများဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးရေးအဖွဲ့ စကားပြောခန်းကို* ဖွင့်ကြည့်လိုက်သည် ။

[T/N: ဒီကုမ္ပဏီက အလုပ်သမားတွေက သွမ့်မိသားစုဝင်တွေဖြစ်တဲ့ သူတို့ရဲ့ အထက်လူကြီးတွေအကြောင်း အတင်းအဖျင်းပြောဖို့ chat group တစ်ခုကို ဖွင့်ခဲ့ကြပြီး သူတို့က သွမ့် မိသားစုရဲ့ အဆင့်အတန်းမြင့်တဲ့ တော်ဝင်မိသားစု‌ဝင်တွေကို ရယ်မောခဲ့ကြတယ် ။ ဒါကြောင့် သွမ့် မိသားစုရဲ့ အကြီးအကဲဖြစ်တဲ့ ဖခင်ဟာ ဧကရာဇ်မင်းကြီးဖြစ်လိမ့်မယ်... အဲ့လိုမျိုးတင်စားတာပေါ့ ။ ]

လူအင်အား အရင်းအမြစ်မှ - ရှောင်လီ : ထိပ်လန့်စရာ သတင်းထူး ! ဧကရာဇ်မင်းကြီးက ဒုတိယမင်းသားကို စျေးကွက်ရှာဖွေရေးဒုဒါရိုက်တာရာထူးကနေ ထုတ်ပယ်ပြီး နယ်မြေခြားကို လွှတ်ချင်နေပြီ*။

[*T/N- အတိတ်တုန်းက ရာဇ၀တ်ကောင်တွေကို ၎င်းတို့နှင့်ထိုက်တန်သည့် ပြစ်ဒဏ်ကျခံရန် နိုင်ငံခြားနယ်နိမိတ်သို့ စေလွှတ်ခဲ့သည်။ ယခုကိစ္စတွင် "နယ်မြေခြား" က သွမ့် ကော်ပိုရေးရှင်းရဲ့ ဌာနခွဲကုမ္ပဏီဖြစ်လိမ့်မယ် ။ ]

ထိုထိတ်လန့်ဖွယ်သတင်းက ကော်ပိုရေးရှင်းမှ အလုပ်သမားတိုင်းကို လှိုင်းလုံးကြီးဖြစ်စေခဲ့သည် ။ ရာနဲ့ချီတဲ့ အလုပ်သမားတွေ ရှုပ်‌ထွေးကုန်တယ် ။

ထောက်ပံ့ပို့ဆောင်ရေးမှ - ရှောင်ကျောက် : ဒါအမှန်ပဲလား ? ! နယ်မြေခြားက ခါးသီး‌လောက်အောင် အေးစက်တယ် ၊ အရှင့်သားရဲ့ သိမ်မွေ့တဲ့ကိုယ်ခန္ဓာက က ခံနိုင်ရည်ရှိပါ့မလားဆိုတာ ငါ သိချင်မိသား ဟီး ဟီး ဟီး ။

ဘဏ္ဍာရေးမှ - ရှောင်ချန်း : ဒီသတင်းက ရုတ်တရက်ကြီးပါပဲလား ရှောင်လီဇိ* ကျေးဇူးပြုပြီး ငါတို့ကို လာမလိမ်ပါနဲ့ကွာ !

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Donde viven las historias. Descúbrelo ahora