Chapter 20

1.6K 263 10
                                    

Unicode

Chapter 20

နွေဦးနှင့် ဆောင်းဦးခန်းမရဲ့ သိပ်မဝေးတဲ့ ရပ်ကွက်‌လေးထဲတွင်။

ဟယ့်ကျန်း ဟင်းသီးဟင်းရွက်ခြင်းတောင်းကို ကိုင်ကာ အိမ်သို့ လမ်းလျှောက်လာခဲ့သည်။ ရပ်ကွက်ထဲက အမျိုးသမီးတစ်ယောက်ကို‌ တွေတော့ သူမ ရပ်ပြီး စကားတွေပြောကြတော့သည်။

[T/N : အိမ်က မာမီလိုပဲ ဈေးအသွားအပြန် အသိတွေနဲ့ စကားရပ်ပြောတာဆိုတာ ရပ်စောင့်ရတဲ့ လူမှာတော့ နေပူထဲ လူခြောက်ဖြစ်တော့မလိုပဲ ><]

သူမသည် ကြင်နာတတ်သည့် ရုပ်ရည်ရှိပြီး အခြားသူများနှင့် စကားများတယ်ဆိုတာလည်း ရှားလွန်းသည်။ ဒါပေမယ့် တခြားသူတွေနဲ့ ဆက်ဆံရေး ဘယ်လောက်ပဲ ကောင်းနေပါစေ၊ နှစ်ဦးနှစ်ဖက် စိတ်မသက်မသာဖြစ်စေမယ့် ရန်သူတချို့က‌တော့ ရှိနေဆဲပါ။

တကယ်တော့ သူမ ဓာတ်လှေကား‌ရှေ့ကို ရောက်တာနဲ့ သူမရဲ့ ရန်သူကို ချက်ချင်း ချက်ချင်းတွေ့လိုက်ရတယ်။

ထိုသူက အသက်လေးဆယ်ကျော် အမျိုးသမီးတစ်ဦးဖြစ်ကာ သူမ၏ဆံပင်ကို ပါးလွှာသည့် အကောက်များဖြစ်အောင် ပြင်ထားသည်။ ပန်းပွင့်စကတ်ကို ၀တ်ထားပြီး သူမ၏လည်ပင်းတွင် အနီရောင်ပုဝါတစ်ထည်ကိုလည်း ပတ်ထားသည်။ သူမရဲ့မျက်နှာမှာ မိတ်ကပ်တွေလိမ်းထားပြီး တကယ့်ကို ပြင်ဆင်ထားတဲ့မိန်းမပင်။

ဟယ့်ကျန်းက စကားတစ်ခွန်းမှ မပြော‌ပေ။ သူမရဲ့ ခြေချောင်းတွေကိုသာ စိုက်ကြည့်နေလိုက်သည်။

"အိုက်ယား၊ စျေးဝယ်ပြီးပြန်တာလား"

တစ်ဖက်လူက ရုတ်တရက် ခေါင်းလှည့်လာသည်။ သူမက နှုတ်ခမ်းနီဆိုးထားသည့်နှုတ်ခမ်းကို ထော်ကာ ပုံကြီးချဲ့‌နေတော့သည်။

ဟယ့်ကျန်း  သူမ မျက်နှာကို ဗလာအနေအထားအတိုင်း ထားပြီး ပြန်ဖြေလိုက်သည်။ အမျိုးသမီးက ဘာဆက်ပြောချင်မှန်း သိနေခဲ့သော်လည်း သူမမှာ အသိအမှတ်ပြု နားထောင်ချင်မနေပေ။

ဓါတ်လှေကား တံခါးပွင့်လာတော့ သူမကအရင်ဝင်သွားသည်။

"ငါပြောချင်တာကဟယ် နင်တို့မိသားစုရဲ့ လင်လင်က အသက်နှစ်ဆယ့်ငါးနှစ်ရှိနေပြီမလား။ ဒါတောင် ခုထိ လက်မထပ်သေးဘူးလား" 

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang